~~~ကျွီ...... ဒုန်းး ~~~
အသံတွေပြီးတဲ့နောက်မှာ ကားစတီယာရင် ကိုကိုင်ထားတဲ့လက်တွေက တဆတ်ဆတ်တုန်ယင်နေပြီ
တိုက်မိတဲ့သူများ တကယ်ကြီးသေသွားခဲ့ရင်....
ရ.. Baekပဲထမင်းမစားချင်ဘူး.. အဲ့လိုဖြစ်လို့ မရဘူး ..
ကိုယ့်အတွေးနဲ့ ကိုယ် ခေါင်းကို တွင်တွင်ခါရမ်းနေမိတာ" ကိုယ့်ကို လာထူပေးဖို့ စိတ်ကူးရှိလား "
ဆိုတဲ့ အသံကြားမှ သာ စိတ်နဲ့ လူ ပြန်ကပ်သည်
Omo သူမသေဘူးပေါ့.. ကားတံခါးဖွင့်အပြေးလေး သွားထူပေးလိုက်တော့ ကောင်လေးတယောက် ထော့နဲ့ ထော့နဲ့ နဲ့  Baek လက်ကိုတွဲထ လာသည်"Baek ဆေးရုံပို့ ပေးဖို့ လိုသေးလား "
" အာ.. အဲ့လောက်ကြီး မဖြစ်ပါဘူး.. ခြေထောက်လေး နည်းနည်းခေါက်သွားတာပါ "
" အာ့ဆိုရင်လည်းလေ Baekအိမ်လိုက်ပို့ ပေးပါ့မယ်.. အဲ့တခုတော့ ကူညီခွင့်ပေးပါ "
" ကျနော့် အိမ်ကဘယ်မှာမှန်း မသိဘူး "
" ရှင် ! "
" ကျနော်ဘယ်ကလာပြီး ဘယ်သွားရမှန်းမသိဘူး.. စဉ်းစားလို့ လည်းမထွက်လာဘူး.. ဒါကြောင့် သတိလက်လွတ်လမ်းကူးမိသွားတာ.. ထိတ်လန့် သွားတယ်မလား.. Sorry "
" အဟမ်း... ရပါတယ်.. ဒါဆိုဘယ်သွားမှာလဲ အခု "
" စဉ်းစားမရပါဘူးဆို... အော် Baek ဟုတ်တယ်မလား.. Baek သွားစရာရှိတာသွားလေ.. ကိုယ်ဘာမှမဖြစ်ဘူး "
လူကသာ အကန့် တွေလွတ်နေတာ မာနက ပစိဖိတ်ကအဖေခေါ်ရလောက်သည်.. တော်တော်ကြီးကျယ်လှသကိုးး
ခုခေတ် ခုအခါက ယောက်ကျားလေးလည်း တယောက်တည်းလျှောက်သွားနေလို့ အဆင်ပြေတဲ့ခေတ်ကာလ မဟုတ်ဘူးလေနော်
ကိုယ့်ရှေ့ မှာ အဆင်ပြေမနေတဲ့ လူတွေတွေ့ ရင် ဒီအတိုင်းထားမခဲ့နိုင်တဲ့ ကိုယ့်စိတ်ကပဲ
လှုပ်လေမြှုပ်လေဒီနွံ ထဲဆွဲချခဲ့တာ.." အဲ့လိုလည်း ဘယ်ဟုတ်မလဲ.. Baek တာဝန်မကင်းသလိုခံစားမနေချင်ဘူး ကူညီနိုင်တာမရှိဘူးလား.. ငွေဖြစ်စေ တခုခုပေါ့ "
Baek အပြောကို စဉ်းစားနေသလိုနဲ့  Baekကို အကြာကြီးစိုက်ကြည့်နေပြီးမှ