chapter - 1

8.5K 330 37
                                        

သဘာဝတရားကြီးရဲ့ ဆင်ခြင်တုံတရားမဲ့ လက်ဆော့မှုကြောင့် အတိတ်ကအချိန်တစ်ခုမှာ သာမန်မဟုတ်ဘဲ မွေးဖွားလာရတဲ့ ဘဝတွေ...
သူတို့တွေရဲ့ ဖြစ်တည်မှုက ကောင်းချီးပေးခံရခြင်းလား ကျိန်စာသင့်တာလား ဆိုတာ မကွဲပြားပေမဲ့ ပင်ကိုထက် ထူးခြားစွာ မွေးဖွားလာရသူတွေမို့ လောဘ ဆိုတဲ့ အမှောင်ကြီးစိုးချိန်မှာ အရည်အချင်းတွေက အန္တရာယ်အဖြစ် ပြောင်းလဲလာတယ်။

အင်အားပြိုင်ဆိုင်မှုတွေကြား မြေစာပင်အဖြစ်နဲ့
ဒုက္ခရောက်ခဲ့ရသူတွေ မနည်း။
နောက်ဆုံး အသက်ပေါင်းများစွာရဲ့ သွေးချွေးတွေနဲ့ အဆုံးသတ်စေတော့ ကိုယ်ပိုင်ဖြစ်တည်မှုကို လျစ်လျှူရှုပြီး သာမန်လူတွေနည်းတူ ရုန်းကန်ခဲ့ရတယ်။

မကျေနပ်နိုင်လို့ တိုက်ခိုက်သူတွေကြား နတ်ဘုရားတွေရဲ့ ဖန်ဆင်းမှုကလည်း အကျိုးမဲ့စွာ။
သူတို့ကတော့ အမုန်းတွေ အာဃာတတွေကြား
လူသားတွေအတွက် ဒဏ္ဋာရီလာပုံပြင်တစ်ပုဒ်အဖြစ် ဆက်လက်ရှင်သန်နေဆဲ။

▪ ▪ ▪

《 By My Side 》


အတုအယောင်အပြုံးတွေနောက်က ဓားသွားထက် ကြောက်ဖို့ကောင်းတဲ့ ရည်ရွယ်ချက်တွေ... နှစ်သိမ့်စကားလို့ အမည်တပ်ပြီး လှောင်ရယ်ချင်ကြတဲ့ အသိုင်းအဝိုင်းမှာ သူက ဘာအားကိုးနဲ့ ရှင်သန်ရတော့မည်လဲ?

နဂိုတည်းကပျော့ညံ့သူမို့ ထိုအပေါ်ယံ မျက်နှာဖုံးတို့နှင့် ရင်းနှီးအောင်လုပ်ယူသော်လည်း အနှီလောကကြီးက ရက်စက်စွာပင် နာကျင်မှုတွေနှင့်သာ ပျော်မွေ့စေသည်လေ။

အဖြေပြန်မပေးသော်လည်း မှုံမှိုင်းနေတဲ့ ကောင်းကင်ကြီးက သူ့အား ကိုယ်ချင်းစာပေးနေသလို...
လေတစ်ချက်တိုက်တိုင်း လွင့်ပျံ့လာတဲ့ မိုးသားနံ့တွေကတော့ သူ့ကိုနှစ်သိမ့်ပေးနိုင်ပါရဲ့။
အမြင့်ဆို သေမလိုကြောက်တတ်တဲ့သူက မိုးမျှော်တိုက်ပေါ် တစ်ကိုယ်တည်းရပ်ရင်း သေဖို့အရေး စဉ်းစားခန်းဖွင့်နေသည့်မြင်ကွင်းမှာ နည်းနည်းတော့ ဆန်းကြယ်ကောင်း ဆန်းကြယ်နေလိမ့်မည် ထင်သည်။

ဥဒဟိုသွားလာနေတဲ့ အောက်ဘက် ခပ်လှမ်းလှမ်းက ရောင်စုံကားတွေဘက် အကြည့်ရောက်မိတော့ ဘဝမရှိတော့တာ ငါတစ်ယောက်တည်းပါလား ဆိုတဲ့ အတွေးဝင်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသေး။

By My Side || taekook ||Where stories live. Discover now