chapter - 2

3.3K 220 22
                                        


ချစ်ရသူနှင့် အတူရှိနေသော အချိန်တို့သည် ဘယ်အရာနဲ့မှလဲ၍ မရနိုင်သည့် ဆုလာဘ်တစ်ခု။ အတော်ကြာ ဝေးကွာပြီးမှ ပြန်တွေ့ရတဲ့ ဒီအချိန်လေးက ကုန်ဆုံးသည်ကို ကုန်ဆုံးမှန်းမသိအောင်ပင် ကြည်နူးဖို့ကောင်းသည်လေ....

အခြားသူတွေ မသိပေမဲ့ Taehyung ကတော့ Jungkook သူ့အနားမှာ ကပ်နေလျှင် ပျော်နေတတ်သည်။ ဒီလူကြီးက သူ့ကိုပေးမသိတဲ့ အလုပ်တွေနဲ့ ခပ်ရှုပ်ရှုပ်ရယ်... တစ်ခါတစ်လေ လေး ငါးရက် ပျောက်သွားပြီးမှ ပြန်ပေါ်လာတတ်တာမျိုး။

သို့ကြောင့်လည်း Taehyung စိတ်အာရုံများက လွမ်းခဲ့ရသောသူ့အပေါ် အကုန်ပုံအပ်ထားမိသည်။

နေထိတိုင်း တစ်​လက်​လက်​​တောက်​တတ်​သည်​က သူ့နားရွက်​ရှိ စိန်​ပွင့်​ခပ်​​သေး​သေး...
အပြစ်အနာအဆာမရှိသော သူ့ကျန်​နားတစ်​ဖက်​ကို ကိုင်တွယ်​ ကစားရသည်​ကို​တော့ ကိုယ်​နှစ်​သက်​သည်​။

အမြဲတမ်းတင်းမာနေသော မျက်နှာပေးကြောင့် ဇီဇာကြောင်ကာ မာနကြီးသည် ဟုအထင်ခံရသော်လည်း Taehyung ထိုသို့ လက်ကမြင်းတိုင်း​တော့ အနှီလူသားက စောဒကမတက်... ကြည်ကြည်ဖြူဖြူပင် ငြိမ်​​နေတတ်​ပါ၏။

အမှန်​ဆိုရ​သော်​ Jeon Jungkook ဟူသည်​မှာ Kim Taehyung ဟူသည့်​ ကိုယ်​ လုပ်​သမျှကို အပြစ်​မမြင်​တတ်​သူ​ပါလေ။

ခုလည်းကြည့်​....

အောက်ကြမ်းပြင်​​မှာခြေဆင်းထိုင်​​နေ​သော သူ့ဆံပင်​နက်​တို့အား ဆိုဖာပေါ်တွင် အခန့်သားထိုင်နေတဲ့ ကိုယ်က ပျင်းပျင်းနှင့် လိုသလိုပုံသွင်းနေပါ​သော်​လည်း ခွန်းတုံ့ပြန်ခြင်းမရှိ။

မလုပ်​တတ်​လုပ်​တတ်​ ကိုယ်တိုင်စမ်းလုပ်​ကြည့်​​ထား​သော ​ကောင်းပါသည် လို့တောင်ဆိုမရသည့်​ ဆန်​မုန့် တို့ကလည်း သူ တစ်ခုပြီးတစ်ခု ယူစားနေတာ ကြောင့် ခုနကပင် အပြည့်ကြီးရှိသေးသော ပန်းကန်ထဲမှာ အခု တစ်ဝက်တောင် မကျန်တော့ချေ။ ဒီလူကြီးပါးစပ်ကသာ အစားမပြတ်တာ ခပ်ဝိုင်းဝိုင်းမျက်လုံးတွေကတော့ ဖန်သားပြင်ပေါ်မှမခွာ။

ကိုယ်​က TV ကို အာရုံမ​ရောက်​သည်​​ကြောင့်​ အစက ဘာကြည့်​​နေမှန်း​ ​သေချာသတိမထားမိ။ အသံတစ်​ချက်​မထွက်​ဘဲ အာရုံစိုက်​​နေ​သော Jungkook ကြောင့်သာ ဖန်​သားပြင်​ဆီ အကြည့်ရောက်မိတော့....

By My Side || taekook ||Where stories live. Discover now