chapter - 6

1.1K 147 9
                                    

တစ်​ပတ်​​ကျော်​ကြာ မ​တွေ့ရ​သော Jungkookကို လွမ်း​နေမိပြန်​ပါပြီ။ ပထမဆုံးလည်းမဟုတ်​ဘဲ အလုပ်​​ကြောင့်​ဟုဆိုတာ ထွက်​သွားတိုင်း ဟာလာဟင်းလင်းဖြစ်​ကျန်​ခဲ့​သော ရင်​ဘတ်​ကြီးကိုက အမှတ်​မရှိ။ အချိန်​​တွေကြာခဲ့တာ​တောင်​မှ Jungkook အလုပ်​ကဘာလဲဆိုတာ အတည်​တကျ မသိရ။ ​မေးလျှင်​ ​ဝေ့လည်​​ကြောင်​ပတ်​လုပ်​ကာ စကားလွဲတတ်​သည်​က Jeon Jungkook မဟုတ်​သည့်​အတိုင်းပင်​။

မရမက အတင်း​မေးလျှင်​​တော့ ​ပြောတတ်​ပါသည်။ ဦး​လေး၏ ငါးဖမ်းသ​ဘောင်္များကို ကြီးကြပ်​တယ်​ ဘာညာ။ ​နောက်​တစ်​​ခေါက်​​မေးလျှင်​ အ​ဖြေက ​နောက်​တစ်​မျိုး။ ရုပ်​ရှင်​​တွေထဲကလို ​မှောင်​ခိုများလုပ်​​နေသလား ဘာလား ​တွေးဖို့ကလည်း ကျွန်​​တော့်​ချစ်​သူဆိုသည်​မှာ ထိုသို့ ရာဇဝတ်​သားအဖြစ်​ခံမည့်​ သူမျိုးမဟုတ်​။ ​ကျောင်း​ပြေးတာကို​တောင်​မှ စည်းကမ်းဖျက်​တယ်​၊​ ကျောင်းသားတစ်​​ယောက်​က ဒီလိုမလုပ်​ရဘူးဟု ပွစိပွစိ​ရေရွတ်​တတ်​​သေး​သော လူကြီးမလား....

ဖုန်းနဲ့ပဲ အလွမ်းသယ်​တယ်​ဆိုခြင်းမှာလည်း သူက တီတီတာတာ​ပြောတတ်​​သောသူ မဟုတ်​​လေ​တော့ ပြန်​လာ​​တော့မယ်​၊ ဂရုစိုက်​​နော်​၊ ​ကျောင်းမ​ပြေးနဲ့Tae ဟု ဆုံးမသွန်​သင်​တာက ခပ်​များများရယ်​။

ဘာဖြစ်​ဖြစ်​ မျက်​နှာ​လေး​တွေ့ချင်​မိသည်​။

မ​နေနိုင်​ မထိုင်​နိုင်​လွမ်း​နေရတာလည်း တစ်​ဒုက္ခ။စိတ်​ကမြက်​သွားစား​နေတုန်း လက်​​မောင်း တစ်​ဖက်​က ခံစားရသည့်​ ဖြန်းခနဲမြည်​​​သော ရိုက်​ချက်​။

" အာားးးးးး ကျွတ်​စ်​ ကျွတ်​စ်​ .... Yoonjiရာ...ဖြည်းဖြည်းသာသာလုပ်​ပါဟ"

ကျင်​တက်​သွားသည့်​ လက်​​မောင်းကိုပွတ်​သပ်​ကာ ညည်းမိ​သော်​လည်း အ​ချေမ​လေးက ​သောက်​ဂရုပင်​မစိုက်​၊ ထုတ်​ထိုးသကြားလုံးတစ်​​ချောင်းကို အငုံမပြတ်​...​ဘေးတွင်​ဝင်​ထိုင်​သည်​။

" လွမ်းနာကျ​နေတာလား"

သူ​မ ​မေး​တော့မှ ပိုလွမ်းလာသ​ယောင်​။ Yoonjiမှာ Jungkook နှင့်​ ဘယ်​လိုပင်​ အ​ကြောမတည့်​ပ​စေ... သူမ၏သူငယ်​ချင်း ကျွန်​​တော်​က Jungkookမှ Jungkook တမ်းတမ်းစွဲချစ်​​ကြောင်း နားလည်​သည်​။

By My Side || taekook ||Where stories live. Discover now