ဒီလိုဖြစ်ဖို့အကြောင်းဖန်လာသည့် သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်တွေ့ဆုံခြင်းက ကဗျာမဆန်ခဲ့သလို ရာသီဥတုကလည်း မသာယာနေခဲ့ပါချေ။ထိုနေ့က အသူရာနေမင်းသည် ပြာလွင့်လွင့်ကောင်းကင်ပေါ်မှာ အဖြူရောင်တိမ်စိုင်တွေကြား ဝင့်ကြွားစွာပင် မင်းမူနေ၏။ ဒီကြားထဲ နွေလည်ခေါင်ကြီး ဘယ်ကလမ်းမှားရောက်လာသည်မသိ, တစ်ချက်တစ်ချက်ဝေ့သွားတတ်သော လေပူတို့က ခပ်ပါးပါး သူ့ကိုယ်ကို လှောင်ပြောင်နေသယောင်။
ပူလောင်လှသော နေဒဏ်ကြောင့် Taehyung ရဲ့ အနက်ရောင်ဆံနွယ်ပျော့တွေမှာ ချွေးစက်တို့ ခိုတွဲလျက်။ စတန့်ထွင်ကာ တမင်လည်ဂုတ်ထိရှည်အောင် မွေးထားခဲ့သော ဆံသားတို့က ဒီလိုအချိန်မှာ ဘာအကူအညီမှမရ။ စိတ်မရှည်တိုင်းလည်း မဖြတ်ပစ်ရက်သည့် ကိုယ့်ဆံပင်လေမို့...
လက်ကောက်ဝတ်ရှိ ဂျစ်ပစီဆန်ဆန်ကြိုး များစွာထဲမှ သားရေပါသည့်ဟာတစ်ခုကို ဖြုတ်ပြီး ထိုဆံနွယ်နက်တို့အား ဖြစ်သလိုစုသိမ်းကာ ခပ်တင်းတင်းချည်လိုက်ပေမဲ့ မျက်နှာဘေးရှိဆံပင်တို့က ကပိုကရိုကျဆဲ။ရှင်းလင်းသွားသော ရုပ်သွင်က သားသားနားနား မဝတ်စားထားသော်ငြား သူ့ဟာသူတော့ တစ်မျိုး ကြည့်ကောင်းနေသည်။
လက်ရှည်ဝတ်ထားသော်လည်း ဘယ်လိုမှ နေလောင်တာမခံနိုင်တော့... မုန်တိုင်းရှိသည်ဆို၍ သူများဆီက ငှားလာသော ထီးရှည်ကိုသာ ဖွင့်ဆောင်းလိုက်ရသည်။ ဒါတောင်မှ လက်ညောင်းတာမို့ သိပ်မကျေနပ်လှ။ သို့ပေမဲ့လည်း သူများအားကိုးလို့မှ မရတာရယ်။
ဟုတ်သည်လေ... နေပူ၊ မိုးရွာထဲ အလကား ထီးမိုးပေးမယ့်သူ ပေါ်လာရအောင် ဒါက ကိုးရီးယားကားလည်း မဟုတ်။ အဆင်ပြေလား မေးတဲ့သူရှိရင်တောင် ကျေးဇူးတင်လွန်း၍ ထိုင်ကန်တော့မိမည်ထင်သည်။
သူ လူတွေကိုမကြိုက်တာ ဒါတွေကြောင့်လည်း ပါမည်။ သူတို့အလိုရှိမှသာ ဖားဖားယားယား လိုက်မြှောက်ပင့်တတ်ကြတာ တကယ် အကူအညီပေးရမယ်ဆို ကြက်ပျောက် ငှက်ပျောက်။
ဒီကြားထဲ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သေချာမသိဘဲ နောက်ကွယ်မှာ လုပ်ကြံမကောင်းပြောတတ်တဲ့ အညှီပါးစပ်တွေကို အလွန်ရွံမုန်းမိပါ၏။
YOU ARE READING
By My Side || taekook ||
Fanfictiona tragic love story between two lovestruck boys who can't survive without each other. work by CGVJEON x wreckmonsta ▪pairing - taekook ▪language - myanmar ▪genre - romance, supernatural, fanfiction ▪started - 17th June, 2018 ▪ended - ??? ***fanarts...