chapter - 4

1.5K 178 22
                                    

ရုတ်တရက် လက်​​မောင်းရင်းမှ ဆွဲယူကာ ဓာတ်​​လှေကားအတွင်းဘက်နံရံဆီဆွဲကပ်လိုက်သော သူ့ကြောင့် မျက်လုံးများပြူးကျယ်စွာဖြင့် ကြောင်ငေးနေမိသည်။

ဒီလူ​ကြောင့်​ပင်​ အသက်​နှင့်​ကိုယ်​ အိုးစားမကွဲခဲ့သည်​မှန်​​သော်​လည်း ဒီတစ်​ခါ​တော့ အိုးစားမကွဲဘဲ ​ရေစုန်​​မျော​မည့့်ပုံ....

တစ်ယောက် အသက်ရှူသံတစ်ယောက် ကြားရလောက်အောင် နီးကပ်လှသော အနေအထားက... ရုန်းကန်ပစ်ချင်ပါသော်လည်း ​ယောကျာ်းချင်းပင်ဖြစ်ပါစေ အားတော်တော်မမျှသည်က အသိသာကြီးလေ။

မဟုတ်လို့ မ​ထော်​မနန်း​တွေ ဖြစ်​​နေမှ Kim Taehyung ဘဝ လုံးပါးပါးနေဦးမည်။

တဖြည်းဖြည်း သိသာစွာ ငုံ့ဆင်းလာ​သော ထိုလူ့မျက်​နှာအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်မှာ စိတ်ညှို့ခံထားရသော အရုပ်တစ်ရုပ်လို....

အသက်​ရှူသံသဲ့သဲ့ ဖြင့်​ ​လေ​ငွေ့​နွေး​နွေးက ပါးပြင်​မှဖြတ်​ကာ လည်​တိုင်​ဆီသို့။ ကြောက်​ရွံ့​သည်​ထက်​ ပိုဆိုးရွားစွာပင် မိမိကိုယ်​ကို နားမလည်​နိုင်​တာက အဘယ်​​ကြောင့်​ ရင်​​တွေအဆမတန်​ခုန်​​ပေါက်​နေရပါသနည်း။

"​မင်းကို လိုချင်​တယ်​"

ဘုရား... ဘုရား....။

နားဖျားအား နူတ်​ခမ်းမထိရုံ ကပ်​ကာ ​ပြောလာ​သော ​အေးစက်​သည်​လဲမမည်​,​နွေး​ထွေးသည်​လည်းမဟုတ်​​သော စကား​ကြောင့်​ တစ်​ကိုယ်​လုံး ကြက်​သီးဖြန်းဖြန်းထသည်​အထိ။ စူးစူးရဲရဲ အကြည့်​တို့က ဝိညာဉ်​,ခန္ဓာအလုံးစုံအား ​ခြေကုန်​လက်​ပန်း ကျ​စေသည့်​နှယ်​။

"ခင်​ဗျား....အနားကပ်​မလာနဲ့​နော်​...ကျွန်​​တော်​ ​အော်​မှာ​"

ပြော​နေသည့်​စကားအား ဖုတ်​​လေသည့်​ငပိ,ရှိသည်​ဟု​တောင်​ မထင်​​ဘဲ ပိုပိုတိုးကပ်​လာ​သော ထိုလူထူး​ဆန်း​ကြောင့်​တစ်​မျိုး, စုတ်ပဲ့လှသာ ဓာတ်​​လှေကား​ကြောင့်​ တစ်​ဖုံ ​ချောင်​ပိတ်​​နေ​သော ယုန်​သူငယ်​လို တဖြည်းဖြည်း ဇက်​သာပုလာရ၏။

By My Side || taekook ||Where stories live. Discover now