chapter - 7

1.1K 160 17
                                    

လှမ်းနေရင်းပင် တဖြည်းဖြည်း နက်လာသည့်တောကြောင့် ကြက်သီးထကာ ချမ်းစိမ့်စိမ့်နိုင်လာသည်။ သစ်ပင်သစ်ခက်တို့ အုပ်ဆိုင်းနေတာကြောင့် နေရောင်တောင် မပွင့်တပွင့်။ မလုံမလဲ ဟိုကြည့်ဒီကြည့်နဲ့ပဲ Taehyung တစ်ယောက် ဆက်လျှောက်လာမိသည်။ Yoonji ဆိုသော ကလေးမဟူသည် တော်တော် ဒုက္ခပေးနိုင်တဲ့ဟာလေး ပါလေ။ ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ်ပြောပြော အးကြီးတယ်ပဲပြောပြော မနေ့ကလို အဖြစ်အပျက်မျိုးနဲ့ကြုံရင် ကူကယ်မယ့်သူ ရှိပါ့မလား?

Yoonji ကိုရှာရင်းနဲ့ သူပါမျက်စိလည်နေပြီ။ တကျိကျိ ကျေးငှက်သံတွေက မနက်ခင်းတိုင်းကြားနေရသော်ငြား အခုလိုအခြေအနေမျိုးမှာတော့ သူ့အား ခြောက်လှန့်လျက်။ ဝတ်ထားတဲ့အနွေးထည်ကို နှာဖျားထိ ဇစ်ကိုစေ့နေအောင် ဆွဲတင်ပြီး လက်တွေကို အိတ်ကပ်ထဲ ပိုနှစ်လိုက်သည်။ သူငယ်ချင်းကို ပူပန်သည့်စိတ်တွေကြောင့် ရင်ဘတ်ထဲပလောင်ဆူလာသလို အိပ်မက်ထဲက ဖြစ်ရပ်သည်လည်း ကြောက်စိတ်ကို မီးစထိုးနေပါ၏။ အကယ်၍ အခုနေတစ်ခုခုဖြစ်ကြည့် ၊ ဆွေမျိုးညာတိရော အပေါင်းအသင်းရော များများစားစားမရှိသည့် ကျွန်တော့်ကို UFO တွေ Supernatural တွေနဲ့ တန်းတူ ပျောက်ထွက်စာရင်းသွင်းခံရဖို့က ခပ်များများရယ်။  JungKook ဆိုတဲ့ လူကြီးကတော့ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာသိချင်မိရဲ့။

Jungkook ?

သူ့ကိုလွမ်းလွန်းလို့ ကြောင်သွားတာလား ဘာလားမသိ ၊ သူ့ရှေ့မလှမ်းတလှမ်းက ကျောပြင်ကျယ်ကြောင့် မျက်လုံးတို့ကို အခါအခါ ပွတ်ကြည့်မိတယ်။ သို့သော် မပြောင်းမလဲ မားမားရပ်နေသော ထိုခန္ဓာက သူ့အား လှန့်နေသလိုလို... မြင်ကွင်းထဲမှ မပျောက်သွား။ မမျှော်လင့်တဲ့နေရာမှာ စိတ်အားငယ်နေချိန် တွေ့ရသည်မို့ ပျော်ရွှင်မှုတွေက လှိုက်ခနဲ။ အော်ခေါ်ဖို့ပြင်ပေမဲ့ အခြားသူတစ်ယောက် ရောက်လာတာကြောင့် တွေ့ရာ ပင်စည်ကြီးကြီးတစ်ခုနောက် ပြေးပုန်းမိသည်။

Jungkook က တောကြီးမျက်မည်းထဲ ဘာလာလုပ်နေတာလဲ?

လှုပ်ရှားလာသော စိတ်အစဉ်ကို ဥပေက္ခာပြုရင်း သူတို့စကားတွေကို နားစွင့်လိုက်တယ်။ ဘယ်လိုပဲ အားစိုက်ပေမဲ့ တီးတိုးသံသာသာ ကြားနေရသည့် အသံတွေကြောင့် အားမလို အားမရနဲ့ ၊ မျက်မှောင်သာကြုတ်ပြီး မျက်နှာ အမူအရာတွေသာ အကဲခတ်မိတော့....

By My Side || taekook ||Where stories live. Discover now