ဖြူလဲ့လဲ့ကျဆင်းလာသော နှင်းမှုန်တွေရဲ့ ပံ့ပိုးမှုကြောင့် မြက်ခင်းစိမ်းတို့က တလဲ့လဲ့တောက်ပလျက်။ ထိုနှင်းစက်တို့ ဖြစ်တည်ရာ ပြာရင့်ရင့်မိုးကောင်းကင်ကတော့ အေးချမ်းမှုကို ပြသနေသလို။ ချမ်းစိမ့်စိမ့် အပူချိန်ကြောင့် သူ့မျက်နှာက နီရဲရဲမာဖလာကြား နစ်မြုပ်လျက်။
အအေးဒဏ်ပေါ့အောင် ခုန်ပေါက်ရင်း Yoonji အလာကိုစောင့်နေပေမဲ့ ၁၂ စွန်းလာသော နာရီလက်တံက ၁ ရောက်လုပြီ။ ဒီကလေးမ ဘာတွေအဲ့လောက်ကြာနေသည်လဲ?
မနက်တစ်ချိန်ပြီးတည်းက သာမန်ထက်ပိုဖြူလျော်နေသော နှုတ်ခမ်းတွေကြောင့် စိုးရိမ်တကြီး မေးမိသော်လည်း လက်အတင်းခါကာ အပိုတွေမလုပ်နဲ့ လို့ပြောလာတာကြောင့် ရန်ဖြစ်ပြီးပြီရယ်။ အခုတစ်ခုခုများဖြစ်နေတာလား?
မလှမ်းမကမ်းက ညိုဖျော့ဖျော့တံတိုင်းကို ခပ်ဆွေးဆွေးကြည့်ကာ လေပူတစ်ချက်မှုတ်ထုတ်ရင်း ကျောင်းတွင်းကိုသာ ပြန်ဝင်လာလိုက်သည်။ ဒီနေ့အတွက် ကျောင်းလစ်ဖို့အစီစဉ်တော့ ပျောက်ဆုံးပြီထင်ပါရဲ့။
တော်တော်ဒုက္ခပေးတဲ့ဟာလေး...
တစ်ကျောင်းလုံးးပတ်ရှာသော်လည်း အရိပ်အယောင်ပင် မမြင်ရတာကြောင့် Taehyung စိတ်တို့ ဂယောက်ဂယက်နိုင်လာသည်။ ဘယ်လောက်ပဲ မတည့်သည်ထားဦး... Yoonji ဆိုတာ တစ်ဦးတည်းသော ကောင်းတူဆိုးဖက်တွေလေ။
ဆုံတွေ့နေကျနေရာတွေလည်း ကုန်လုပြီ။ အတန်းရှိချိန်ဖြစ်တာကြောင့် လမ်းမှာတွေ့သမျှ ဆရာတွေမမြင်အောင် ရှောင်ရတိမ်းရနဲ့... ချွေးစတွေတောင် စို့တို့တို့။အမျိုးသမီးသန့်စင်ခန်းရှေ့ ကြားလိုက်ရတဲ့ အသံအုပ်အုပ်ကြောင့် တံခါးပေါ်ကစာတောင် မဖတ်မိဘဲ အမြန်ပြေးဝင်မိတော့ တွေ့လိုက်ရသည်က သူ့မျက်အိမ်တို့ကို ပြူးကျယ်စေသည်။
"Yoonji-ah!"
အတင်းပြေးပွေ့သော်လည်း ဖယ်ချတာကြောင့် ခပ်ကြမ်းကြမ်းပင်ဆွဲမတော့ မျက်လုံးတွေကို တင်းတင်းမှိတ်ထားတဲ့ သူမမျက်နှာက သွေးမရှိတော့သလိုပင်... ပေါ့ပါးစွာနဲ့ လွယ်လင့်တကူ လက်ထဲပါလာတယ်လေ။ ဆူဆဲချင်သည့်စိတ်တို့ကို မြိုသိပ်ကာ ဆေးပေးခန်းသို့ ပြေးရတော့သည်။

YOU ARE READING
By My Side || taekook ||
Fanfictiona tragic love story between two lovestruck boys who can't survive without each other. work by CGVJEON x wreckmonsta ▪pairing - taekook ▪language - myanmar ▪genre - romance, supernatural, fanfiction ▪started - 17th June, 2018 ▪ended - ??? ***fanarts...