chapter - 8

1.8K 183 20
                                        


" ငါ့ကို နင့်​လိုဖြစ်​​အောင်​ ​ပြောင်း​ပေးပါ "

ထိုတစ်​ခဏ၌ Yoonji၏ ​သွေးတို့​ပြောင်းပြန်​စီးကုန်​ပြီလား​အောက်​​မေ့ရသည်​။

မဖြစ်​နိုင်​ပါ။

မလုပ်​​ပေးနိုင်​။

သူတစ်​ပါး၏ ​သွေးသားကို စုတ်​ယူ​သောက်​သုံးပြီးမှ အသက်​ဆက်​ရှင်​ရသည့်​, မ​သေဆုံးနိုင်​​သော လူသားမဆန်​သည့်​ မျိုးနွယ်​ထဲ သူငယ်​ချင်းဖြစ်​ရသူကို ကိုယ့်​လက်​နှင့်​ ဘယ်​လိုသွတ်​သွင်းနိုင်​ပါ့မည်​လဲ။

" ရူး​နေလား Taehyung !!  ... ငါ..ငါ မလုပ်​​ပေးနိုင်​ဘူး"

" ji .. "

" မဟုတ်​ဘူး Taehyung !! .. နင်​ဖြစ်​ချင်​တိုင်း ငါလုပ်​​ပေးရ​အောင်​ မရိုးရှင်းဘူး "

တုန်​ရီစွာ မျက်​နှာလွှဲမိသည့်​အခိုက်​ ​ဆေးရုံကုတင်​​ပေါ်မှ Taehyung ၏ ​လောကကြီးကိုစိတ်​နာဟန်​ပါ​သော ရယ်​သံတိုးတိုးကို ကြားလိုက်​ရသည်​။

ဒီ​ကောင်​​လေးကို Yoonji ချစ်​ပါသည်​။ ​လွင်​ပြင်​ထဲက အ​ဖော်​မဲ့ကျောက်​တုံး​ကျောက်​ခဲလို အထီးကျန်​ဆန်​ခဲ့​သော သူမ၏​နေ့ရက်​များသည်​ မျက်​စိ​ရှေ့က​ကောင်​​လေး​ကြောင့်​ တစ်​နည်းတစ်​ဖုံ သက်​ဝင်​စို​ပြေခဲ့ရသည်​။ နှစ်​များစွာတိုင်​ရှင်​သန်​ပြီးကာမှ ဤ​ကောင်​​လေး​ကြောင့်​ သံ​ယောဇဉ်​ဟူ​သည့်​ စကားလုံးအား လက်​​တွေ့ခံစားခဲ့ရသည်။

ဖြစ်​နိုင်​လျှင်​ Taehyung လိုချင်​သည့်​အတိုင်း မ​သေဆုံး​သောဘဝတစ်​ခုအဖြစ်​ ​ပြောင်းလဲ​ပေးကာ ထာဝရတည်​ရှိခွင့်​ကို မျှ​ဝေလိုပါ၏။
သို့​သော်​လည်း ကိစ္စရပ်​များသည်​ ထင်​သ​လောက်​မရိုးရှင်း။

Jeon Jungkook သာ သိသွားခဲ့လျှင်​ ... ။

ဘာကိုမှ ကြို​တွေး၍ မရ​သော အ​ခြေအ​နေတို့ဖြစ်​လာနိုင်​သည်​။

" Taehyung ... နင်​ စိတ်​​အေး​အေးထားပြီး.."

" ငါ ဘယ်​လို စိတ်​​အေး​အေးထားနိုင်​မလဲ Yoonji ... "

သူမဆီသို့ လှည့်​ကာ မာန်​မဲ​သော Taehyung က ခက်​ထန်​မ​နေ။ နုံးချိ ​ပျော့​ခွေကာ အရာရာကို မျက်​နှာလွှဲ ခဲပစ်​ အရူံး​ပေးလိုပုံ​ပေါ်​နေသည်​။ အရာအားလုံးကို လက်​​လျော့ဖို့ ဆုံးဖြတ်​ထားသည့်​​ဝေဒနာသည်​တစ်​​ယောက်​ကဲ့သို့။ သူမ သိသည့်​ Kim Taehyung မှာ ဒီလိုမျိုးမဟုတ်​​လေ။ အားမလိုအားမရဖြစ်​ခြင်းနှင့်​အတူ အပြစ်​ရှိသလို ခံစားရသည်​မို့ ​ထိုးနှက်​မည့်​ စကားတို့အား ​ခေါင်းငုံ့ခံရင်း။

You've reached the end of published parts.

⏰ Last updated: Sep 21, 2018 ⏰

Add this story to your Library to get notified about new parts!

By My Side || taekook ||Where stories live. Discover now