Act 7

619 111 23
                                    

ကျွန်​​တော်​တို့ Cosplay photoရိုက်​ဖို့မနက်​​စော​စောထကြရတယ်​! ညက အိပ်​မ​ပျော်​တဲ့ ကျွန်​​တော့်​အဖို့ မည်းနက်​​နေတဲ့ မျက်​ကွင်းကို concealerတော်​​တော်​သုံးပြီး ​ဖျောက်​လိုက်​ရသည်​!

ချမ်းချမ်းစီးစီး ​ဆောင်းတွင်းမှာ ကျွန်​​တော်​တို့ရိုက်​တဲ့ Cosplay photo က ​နွေရာသီပွဲ​တော်​တခုပုံဆို​တော့ ​တော်​​တော်​ကြိုးစားခဲ့ရတယ်​! ​​နေရာအခင်းအကျင်းကို ​နွေရာသီည​နေခင်းဆန်​ဆန်​ဖြစ်​​အောင်​ပြင်​ရတဲ့အပြင်​ ချမ်းစိမ့်​​နေတဲ့အချိန်​ မချမ်းသ​ယောင်​​နေရတာလည်း ​တော်​​တော်​ခက်​ပါတယ်​!

စပို့ရှပ်​လက်​တို​လေးဝတ်​ထားတဲ့ Baozi က မီးပန်း​တွေကို ညွှန်​ပြ​နေတဲ့ ပုံ​လေးလုပ်​​တော့ ကျွန်​​တော်​က သူ့​ဘေးမှာ ​နွေရာသီဝတ်​ yukata ​လေးနဲ့ ယပ်​​တောင်​​လေးကိုင်​ကာ အံ့သြ​နေသ​ယောင်​!

မီးပုံးတေ စီတန်းချိပ်​ဆွဲထားတဲ့ ​နားမှာ ကျွန်​​တော်​ရပ်​​နေ​တော့ Baozi က ကျွန်​​တော်​ မျက်​ဝန်းး​တွေကို စူးစိုက်​ကြည့်​​နေတယ်​!!

ဖန်​တီးထားတဲ့ ​နွေရာသီ ည​နေခင်း​လေးထဲ ကျွန်​​တော်​တို့နှစ်​​ယောက်​​မျောပါသွားတာလား? အကြိုက်​ဆုံး manga ကို cosplay လုပ်​ရလို့လားမသိ​ပေမယ့်​ ​နောက်​ဆုံးဓာတ်​ပုံ​တွေ ထွက်​လာတဲ့အခါ အရမ်း​ကျေနပ်​စရာ​ကောင်းသည်​!

ကျွန်​​တော်​တို့ တ​နေကုန်​နီးပါး Camera man အဖွဲ့​တွေနဲ့ ပင်​ပင်​ပန်းပန်းကြိုးစားပြီး​နောက်​မှာ ရလာတဲ့ပုံ​တွေကို တည်းဖြတ်​ရင်း နှစ်​​ယောက်​သားအလုပ်​ရှုပ်​​နေကြတယ်​!

"Hana ဒီပုံရယ်​ ဒီပုံရယ်​ ဒီပုံ​လေးရယ်​ weibo မှာတင်​ရ​အောင်​​နော့"

"အင်း ! ဒါ​လေး ဒါ​လေး​ရော"

"အင်း ဟုတ်​တယ်​ အဲ့ဒါ​လေးလည်း မိုက်​တယ်​!"

"ဒီတုန်းက ငါ​တော်​​တော်​ချမ်း​နေတာ! Yukata ဝတ်​ပြီး မနည်း စိတ်​တင်းထားရတယ်​!!"

"အခု​ရောချမ်း​သေးလား!?"

"ဟင်​?"

ကျွန်​​တော်​ ​ဘေးကိုလှည့်​ကြည့်​​တော့ Baozi က ကျွန်​​တော်​​ဘေးမှာ ပြုံးကြည့်​​နေတယ်​! အ​ခြေအ​နေကို ပြန်​သတိထားမိ​တော့ ကျွန်​​တော်​တို့ အခန်းထဲမှာ laptop ​ရှေ့မှာ ပူးပူးကပ်​ကပ်​ ရှိ​နေကြတာ.......

Simple LoveWhere stories live. Discover now