Act 3

705 128 11
                                    

Hana အိမ်​ခန်းထဲ ​ပြေးဝင်​လာမိတယ်​!

မှန်​​ရှေ့က ကျွန်​​တော့်​မျက်​နှာက နီမြန်းလျှက်​.......

"hump ဘာမှန်းမသိ သူ့အ​ကြောင်း​တွေး​နေတယ်​ ဖြစ်​ရ​သေးတယ်​ ! "

မ​ကျေမနပ်​ ခပ်​တိုးတိုး ​ရေရွတ်​မိ​ပေမယ့်​ တကယ်​တမ်းက လည်း ကျွန်​​တော်​ သူ့အ​ကြောင်း​တွေး​နေခဲ့မိတာပဲ မဟုတ်​လား?

အခုချိန်​ထိ​တောင်​ Baozi ရဲ့ အပြုအမူအ​ပြောအဆို​ အ​သေးအမွှား​လေး​တွေကို​ ကျွန်​​တော်​ ရင်​ခုန်​​နေတုန်းပဲ.....

"အားးးးးးးးးး ပူလိုက်​တာ​ရေချိုးမှပဲ!!!!!!"

အိမ်​​ရှေ့ခန်းဆီက Baoziရဲ့ အသံကျယ်​ကျယ်​ကို ကြား​နေရတယ်​!

"​ညောင်​ ​ညောင်​ ​ညောင်​!!!!"

"​ညောင်​!!!!!! ခွီးးးးးး"

"arrrrrrr Hahahaha!!!! Xiao Long Bao!!!! Hua Juan!!!!!! Hahahaha"

"*puff*"

အိမ်​​ရှေ့က Baozi နဲ့ ​ကြောင်​​လေး​တွေနဲ့ ဆူညံသံ​တွေကို ကြားရ​တော့ ကျွန်​​တော်​ ရယ်​ချင်​ပက်​ကျိ ဖြစ်​လာတယ်​! 

ဒီအိမ်​မှာ Baozi ရှိတဲ့ အချိန်​ဆို ဒီလိုပဲ အမြဲဆူညံ​နေတတ်​တယ်​ ! ဒီအိမ်​မှ မဟုတ်​ဖူး ကျွန်​​တော်​ နှလုံးသားကလည်း Baozi နားမှာဆို ပိုဆူညံစွာ ခုန်​တတ်​​လေသည်​! ဒီအိမ်​ကို စ​ရောက်​ခါစ Baozi အနားမှာ မရှိတဲ့ ​အတိတ်​က တိတ်​ဆိတ်​တဲ့ ​နေ့စွဲ​တွေကိုဆို ကျွန်​​တော်​ ဘယ်​​တော့မှ ပြန်​အမှတ်​မရချင်​သလို...... ဖြစ်​နိုင်​ရင်​ အဲ့ဒီ့​ခြောက်​ချားစရာ​ကောင်းတဲ့ အချိန်​တချို့ကို ကျွန်​​တော်​ မှတ်​ဥာဏ်​ထဲက အပြီးတိုင်​ ဖယ်​ထုတ်​ပြစ်​ချင်​မိသည်​! စင်​ကာပူကို ​ရောက်​စ ကျွန်​​တော့်​​နေ့ရက်​​တွေက တကယ်​ကို ​အေးစက်​ပြီး အထီးကျန်​ဆန်​လွန်းလှတယ်​!

"Arrrrrrrrrrrrrrr Hana!!!!!!!!!!!!!!!!"

ရုတ်​တရက်​​အော်​သံ​ကြောင့်​ ကျွန်​​တော်​ ပြူးပြူးပြာပြာဖြစ်​ပြီး အိမ်​​ရှေ့ကို​ပြေးထွက်​သွားမိသည်​!

"Baozi!!! ဘာ...ဖြစ်​....အမ​လေး!!!"

အိမ်​​ရှေ့ခန်းအဝင်​ တံခါးဝအ​ရောက်​ ကျွန်​​တော့်​ခန္ဓာကိုယ်​တစ်​ခုလုံး ရင်​ခွင်​တစ်​ခုဆီ ပြုတ်​ကျသွားတယ်​!

Simple LoveWhere stories live. Discover now