Special

657 115 19
                                    

ည.......

တိတ်​ဆိတ်​တဲ့ညမှာ Hana တ​ရေးနိုးလာတယ်​!

"ekkk ဗိုက်​ဆာလိုက်​တာ > < "

န​ဘေးကို ​လှည့်​ကြည့်​​တော့ Baozi က အိပ်​​မောကျ​လို့​နေသည်​!

"hump အိပ်​​နေတာကလည်း ပြုံးပြုံးကြီး! ဘာ​တွေ အိမ်​မက်​မက်​​နေလည်းမသိဘူး!!"

Hana ​တွေးရင်း အိပ်​​နေတဲ့ Baozi နှာ​ခေါင်းကို ဆွဲလိမ်​လိုက်​တယ်​!

"အင်​......အင်း~"

Baozi က အနည်း​လောက်​သာ လူးလွန့်​လှုပ်​ရှားသွားပြီး ဆက်​အိပ်​​မောကျ​နေတယ်​! ​တော်​​တော်​ပင်​ပန်း​နေသလားမသိ!

"ငါလည်း ပြန်​အိပ်​မှ ပါပဲ"

ဗိုက်​ဆာ​ပေမယ့်​ Hana တစ်​​ယောက်​ပျင်းတာ​ကြောင့်​ ​စောင်​ခြုံထဲပြန်​ဝင်​​ကွေး​နေလိုက်​သည်​!

*ဂွီ~*

"အားးးး မရဘူး ဗိုက်​ဆာတယ်​!"

"​ကော်​ဖီ​လောက်​ထ​သောက်​ရင်​​ကောင်းမလား? ​ခေါက်​ဆွဲပြုတ်​စားရင်​​ကောင်းမလား? ပျင်းတယ်​လုပ်​ရမှာ ​နောက်​ပြီး အဲ့ဒါ​တွေလည်း မစားချင်​ဘူး! အခု​နေ ဘာစားချင်​လည်း ဆို....​တော့.....ကာ.....! အသား !!!! ဟုတ်​တယ်​ အသားကင်​ !!! kyaaaaa ပူပူ​လေး စားလိုက်​ရရင်​ ရှလွတ်​~ ​တွေးတာနဲ့ ဗိုက်​က ပိုဆာလာပြီ!"

"Baozi!!!! Baozi!!!!!"

Hana တစ်​​ယောက်​ ​ဘေးက Baozi ကို အတင်းနှိုး​တော့တယ်​!

"Baozi!!!!!"
"အင်​....အင်းးးး Hong Hua ဘာဖြစ်​လို့လည်း?"

Baozi က အိပ်​ချင်​မူးတူးနဲ့ မျက်​လုံး​တွေပွတ်​သပ်​ရင်း ​မေးတယ်​!

"ဗိုက်​ဆာလို့"
"ဟမ်​ .... ဗိုက်​ဆာတယ်​!? ​ရေခဲ​သေတ္တာထဲမှာ ကိတ်​​တွေရှိတယ်​​လေ Hong Hua! စားလိုက်​​နော်​"

Baozi က အိပ်​ချင်​မူတူး​ပြောပြီး ပြန်​အိပ်​သွား​လေသည်​!

"Baozi Baozi Baozi!!!!!!!"

Hana က Baozi လက်​​မောင်းကို တဖုန်းဖုန်းထုရင်း ထပ်​နှိုးပြန်​သည်​!

"ဟင်​..."

"ကိတ်​မစားချင်​ဘူး!"

"အင်​ ဒါဖြစ်​ဘာစားချင်​တာလည်း!?"

Simple LoveWhere stories live. Discover now