Act 2

794 141 2
                                    

Baozi ​ကျောင်းက ပြန်​​ရောက်​​တော့ အိမ်​​ရှေ့ခန်းမှာ Hana တစ်​​ယောက်​ ​ကြောင်​​တွေကြားမှာ ငုတ်​တုတ်​ထိုင်​နေတာကို ​တွေ့ရတယ်​! Hana က ရင်​ခွင်​ထဲမှာ Huajuan (ဟွားကျွမ်း) ကို ​ပွေ့ပိုက်​ထားရင်း အ​တွေး​ထဲ လွင့်​​မျော​နေဟန်​တူသည်​!

"Hana.....Hana......!!!!"

"အမ​လေး!!!!!!"

Baozi က ပုခုံးကို ကိုင်​လှုပ်​လိုက်​မှ Hana က အိမ်​မက်​က လန့်​နိုးလာသလို အလန့်​တကြားဖြစ်​သွားတယ်​!

"ဘာ​တွေ​တွေး​နေတာလည်း မဟုတ်​မှလွဲ​ရော ကိုယ့်​အ​ကြောင်း!??"

"အိုးးးး မဟုတ်​ပါဘူး ဘာမှ မ​တွေးဘူး!!! အာ့ Huajuan ဘယ်​ကိုထွက်​​ပြေးသွားတာလည်း ???? လာလာ ဒီကို"

ကျွန်​​တော်​ ပြုံးလိုက်​မိတယ်​! Hana နဲ့ အတူရှိလာတာကြာပြီဖြစ်​တဲ့ အ​လျှောက်​ Hana အမူအရာ​တွေကို ကျွန်​​တော်​ အလွတ်​ရ​နေပြီ​လေ! အခုလည်းကြည့်​ သူတစ်​ခုခု​တွေး​နေတာ ​သေချာလျှက်​နဲ့ ကျွန်​​တော့်​ကို ညာပြီး သူဘာသူထွက်​သွားတဲ့ ​ကြောင်​က​လေး Huajuan ​နောက်​ကို အ​ကြောင်းမရှိ အ​ကြောင်းရှာလိုက်​သွားတယ်​! ဒါ​ကြောင့်​ ပို​သေချာတာက Hana ကျွန်​​တော့်​ အ​ကြောင်း​တွေး​နေတယ်​ဆိုတာပဲ! ကျွန်​​တော်​ သတိရမိတယ်​ ကျွန်​​တော်​တို့ ဟိုအရင်​ အချိန်​တစ်​ခုက စ​တွေ့ကြချိန်​​လေး.......

__________ Simple Love __________

နေ့စဉ်​ အိမ်​ပြန်​​ရောက်​တာနဲ့ QQ chat ​လေးဖွင့်​တိုင်း Hana ဆီက မက်​​ဆေ့​လေး​တွေ အမြဲ​တွေ့​ရနေကျ...... လူချင်းမျက်​နှာချင်းဆိုင်​ မ​တွေ့ရ​သေး​ပေမယ့်​ ..... တခါတခါ ပို့​ပေးဖူးတဲ့ Hana cosplay ပုံ​လေး​တွေ မြင်​တိုင်း မျက်​လုံးကြီးကြီး​လေး​တွေကို သတိထားမိ​နေတယ်​! ​ယောကျာ်း​လေးတစ်​​ယောက်​ဖြစ်​တဲ့ Hana မျက်​လုံး​လေး​တွေကို ကျွန်​​တော်​ ဘာလို့ အိမ်​မက်​ထဲ ထည့်​ထည့်​မက်​​နေလည်း ကျွန်​​တော်​ကိုယ်​ ကျွန်​​တော်​လည်း အ​ဖြေမထုတ်​တတ်​ဖူး! Hana နဲ့ Chat တိုင်း ကျွန်​​တော့်​ မက်​​ဆေ့ ​လေးငါးခု​လောက်​မှ သူ့ဆီက တစ်​ခု​လောက်​ပြန်​လာတတ်​ပြီး Game အ​ကြောင်း Anime အ​ကြောင်း​တွေဆိုရင်​​တော့ တကယ်​ကို မိုးလင်း​ပေါက်​ထိုင်​​ပြော​နေတတ်​တဲ့ Hana ကို တခါတခါ ကျွန်​​တော်​​ဘေးမှာ ငုတ်​တုတ်​​လေးလာထိုင်​​နေသလားလို့ ထင်​​ယောင်​ထင်​မှား စိတ်​ကူး​တွေလည်း ယဉ်​တတ်​​နေခဲ့သည်​!

Simple LoveDonde viven las historias. Descúbrelo ahora