Act 6

623 106 16
                                    

တပတ်​ဆိုတဲ့အချိန်​က တကမ္ဘာ​လောက်​ကြာသည်​ ထင်​သည်​! Baozi ဆီက မက်​​ဆေ့ရပြီးကတည်းက ​နေ့စဉ်​နဲ့အမျှ ကျွန်​​တော်​ အခန်းရှင်း​နေတာလည်း မပြီးနိုင်​​တော့ ! ကြာ​တော့ ​မေ​မေက​တောင်​ သံသယဝင်​လာတယ်​!

"Hana တ​နေ့တ​နေ့ သားအခန်းရှင်း​နေတာ မပြီးနိုင်​​တော့ပါလား? ဘာ​တွေများရှင်း​နေရတာလည်းသားရယ်​? သားအခန်းကိုအသစ်​ပြင်​ချင်​လည်း ​မေ​မေ​တို့ကို​ပြော​လေ  ​မေ​မေ လူ​ခေါ်ပြီးလုပ်​ခိုင်းမှာ​ပေါ့!"

"အာ မဟုတ်​ပါဘူး မပြင်​ပါဘူး အခုဟာက နည်းနည်းရှင်းတာ!"

"အမ​လေး နည်းနည်းကလည်း မပြီးနိုင်​​တော့ပါလား သား​ဖေ​ဖေက​တောင်​​မေး​နေပြီး ဒီ​ကောင်​ဘာ​တွေလုပ်​​နေတာတုန်းတဲ့!"

"အဲ.... ဟို...ဟို​လေ တကယ်​က သား သူငယ်​ချင်းတစ်​​ယောက်​လာလည်​မှာမိုလို့...ဟို​လေ ​မေ​မေလည်းသိတယ်​မဟုတ်​လား သားနဲ့ အတူတူ cosplay လုပ်​တဲ့ သူငယ်​ချင်း​လေ Baozi ! အဲ့ဒါ သူငယ်​ချင်း အိမ်​လာ​တော့ အခန်းက ရှုပ်​​နေလို့မ​ကောင်းဘူးမဟုတ်​လား အဲ့ဒါ​ကြောင့်​ ရှင်း​နေတာ!!"

"​သြော်​ အဲ့ဒီလိုလား?"

"အင်း သူက ​ရှေ့တပတ်​ထဲအားတယ်​တဲ့​လေ သားတို့cosplay ဓာတ်​ပုံရိုက်​ကြမှာ သားက ​ကျောင်းနဲ့ဆို​တော့မအားလို့ သူက အားတာနဲ ဒီကိုလာခဲ့မယ်​ဆိုပြီး.....အဲ့ဒီလို....."

ကျွန်​​တော်​အရှည်​ကြီးရှင်းပြ​နေတုန်း ​မေ​မေက​တော့ ခါတိုင်းထက်​စကားများ​နေတဲ့ ကျွန်​​တော့်​ကို အံ့သြ​နေသလားမသိ! မသိ​တော့ဘူး ကျွန်​​တော်​လည်း ဘာ​တွေကို အသည်းအသန်​ရှင်းပြချင်​​နေမှန်း! ​နောက်​ဆုံး​တော့ ​မေ​မေက.....

"သား သူငယ်​ချင်း အိမ်​လည်​လာမယ်​ဆို​တော့ အိမ်​က အခန်းပိုကို ​မေ​မေရှင်း​ပေးရမလား သား?"

"အာ ရတယ်​​မေ​မေ ရှင်းမ​နေနဲ့ တစ်​ရက်​ နှစ်​ရက်​ပဲကို သားအခန်းထဲပဲ အတူတူအိပ်​....အဲ....တည်းခိုင်းလိုက်​မယ်​! အခန်းပိုက ပစ္စည်း​တွေထုတ်​အုံးဘာအုံးနဲ့ ​မေ​မေ အလုပ်​ရှုပ်​​နေမယ်​ ရတယ်​​မေ​မေ ရတယ်​!"

Simple LoveWhere stories live. Discover now