Act 1

2K 183 14
                                    

"Baozi!!!! Baozi!!!!!"

Hana အိမ်​ထဲ တံခါးဖွင့်​ဝင်​ရင်း Baozi ကို ​အော်​​ခေါ်​နေမိသည်​!

"ပြန်​မ​ရောက်​​သေးတာလား?"

"​ညောင်​....​ညောင်​....."

"​ညောင်​....​ညောင်​....."

"​ညောင်​....​ညောင်​....."

Baozi အသံ​တော့ မကြားရပဲ ​ကြောင်​က​လေး​တွေက​တော့ သခင်​ပြန်​အလာကို ​အော်​ဟစ်​​ကြိုဆို​နေကြသည်​! ​အိမ်​ခန်း​တွေထဲက အလျိုအလျို​ပြေးထွက်​လာပြီး Hana​ခြေ​ထောက်​ကြားမှာ တိုး​ဝှေ့ပွတ်​သတ်​​နေကြတယ်​!

"​အေးပါဟ ....​အေးပါ ​ကျွေးပါ့မယ်​ ဗိုက်​ဆာ​နေကြတာလား?"

"​ရော်​ မင်းတို့ငါ့​ခြေ​ထောက်​ကြားက အတင်းလိုက်​​နေ​တော့ ငါဘယ်​လိုလမ်း​လျှောက်​ရမှာလည်း!!!!"

Hana ​ကြောင်​​လေး​တွေကို အစာတစ်​ခွက်​စီချ​ကျွေးရင်းထိုင်​ကြည့်​​နေမိတယ်​!

"Baoziဒီ​နေ့​နောက်​ကျတယ်​"

"အာ သူ​​ကျောင်း အချိန်​ပိုရှိတယ်​​ပြောထားတာပဲ"

ကြောင်​​လေး​တွေကို ကြည့်​ရင်း Hana ​တွေးနေမိတယ်​! အစက နှစ်​​ကောင်​က​နေ အခု​တော့ ငါး​ကောင်​​တောင်​ဖြစ်​လာပြီ!

အချိန်​​တွေ ကုန်​တာမြန်​သလိုပဲ....ဘာလိုလိုနဲ့ ကျွန်​​တော်​ နဲ့ Baozi အတူရှိခဲ့တာ ငါးနှစ်​​တောင်​ရှိခဲ့ပြီ.....ဒီငါးနှစ်​အတွင်းမှာ အမှတ်​တရ​တွေလည်း ​တောင်​ပုံရာပုံရှိခဲ့တာပဲ.......အခုအချိန်​အထိ​တောင်​ ကျွန်​​တော်​ Baozi နဲ့ စ​တွေ့ခဲ့တာကို မ​နေ့တ​နေ့ကလို ထင်​​နေမိ​သေးတယ်​!

__________ Simple Love __________

***China Expo***

ခေါင်းစည်းစာတန်းနဲ့ အတူ တရုတ်​ကုန်​စည်​ပြပွဲကြီးကား စည်​ကား ခန်းနားလျှက်​ .... တရုတ်​နိုင်​ငံ ထုတ်​ကုန်​ပစ္စည်း​တွေ ပြသ​ရောင်းချ​ပေးသည့်​ အပြင်​ အခြား ​ပျော်​ပွဲရွှင်​ပွဲများ လည်းပါဝင်​သလို Anime , Manga ,နဲ့ Game ချစ်​သူ​တွေ အတွက်​ Cosplay ပွဲလည်းပါဝင်​​လေသည်​! သည်​လိုပွဲမျိုးမှာ ​နိုင်​ငံစုံက နာမည်​ကြီး Guest Cosplayer ​တွေလည်းလာကြသလို ပြည်​တွင်းက ဝါသနာရှင်​ Cosplayer ​တွေလည်း မနည်းလာ​ရောက်​ကြတယ်​! ဒီထဲမှာ ကျွန်​​တော်​လည်း တစ်​​ယောက်​အပါအဝင်​​ပေါ့ ....ငယ်​ငယ်​ထဲက anime ဇာတ်​လမ်း​တွေကို ချစ်​တဲ့ ကျွန်​​တော်​က Cosplay ကို စိတ်​ဝင်​စားတာ မဆန်းပါဘူး! Cosplay ဆိုတဲ့ အဓိပ္ပာယ်​ကိုက ကိုယ်​ကြိုက်​နှစ်​သက်​တဲ့ ကိုယ်​အရူးအမူးစွဲလမ်းတဲ့ anime ဇာတ်​​ကောင်​​နေရာမှာ ​ခေတ္တ ခဏ ဝင်​​ရောက်​ ခံစားခြင်း ဆိုသည့်​အတိုင်း အခုလည်း ကျွန်​​တော်​ အရမ်း ခ​ရေဇီဖြစ်​​နေတဲ့ ဇာတ်​​ကောင်​လို ပြင်​ဆင်​ဝတ်​စားထားတယ်​! လူ​တွေပြည့်​ကျပ်​​နေတဲ့ ပွဲ​တော်​ တစ်​ခုထဲမှာ anime ​ဇာတ်​လမ်းတွဲ​ပေါင်းများစွာထဲက ဇာတ်​​ကောင်​​တွေ အပြင်​ကို တကယ်​ထွက်​လာသလိုမျိုး ​ မြင်​မြင်​သမျှက ​ငေး​မော​ချင်​စရာချည်းပါပဲ! ကျွန်​​တော်​က Cosplay ကို ဝါသနာပါလွန်းလို့သာ လုပ်​​ပေမယ့်​ လူနည်းနည်း​ကြောက်​တတ်​​တော့ ထုံးစံအတိုင်း လူစုနဲ့ နည်းနည်းကွာတဲ့ ​နေရာမှာ ကင်​မရာ​လေးတစ်​လုံးနဲ့ ဓာတ်​ပုံ​တွေရိုက်​​နေခဲ့တယ်​​လေ!

Simple LoveTempat cerita menjadi hidup. Temukan sekarang