Halloween night~
**အိပ်မပျော်ဘူး!!!!!!!!! ဘယ်လိုလုပ်ရမလည်း? ခဏလေးအိပ်ပျော်လိုက် ပြန်နိုးလာလိုက်.....အကြာကြီးမျက်စိကြောင်နေလိုက်နဲ့ ခက်တယ်**
**အဲ့ဒါ Hana ကြောင့်ပေါ့ ....ဒီကောင်လေးဘာမှန်းမသိ ကြောက်ပါတယ်ဆို သရဲကားကြီးပြီးထိ အဖော်လုပ်ထိုင်ကြည့်ပေးရတယ်**
အိပ်ယာထဲမှာ Baozi တစ်ယောက် သက်ပြင်းတချချနဲ့ ဖြစ်နေသည်! Halloween day မို့ သရဲကားတူတူကြည့်ရအောင်တဲ့.....ဘယ်လို ညစ်တစ်တစ် တောင်းဆိုမှုမှန်းမသိတောင်းဆိုတတ်တဲ့ အဲ့ဒီ့ ညစ်ကျယ်ကျယ်Hana ကြောင့် ကျွန်တော်ဒီအခြေအနေရောက်ရတာလေ....ခုတော့ အိပ်မပျော်တဲ့ အပြင် ဘာမှန်းမသိ အသံသေးသေးတွေကြားရင်ကျောချမ်းနေသေးတယ်!ကျွန်တော်အစက သဘောမတူပါဘူး မကြည့်ဘူး ဆိုပြီး ငြင်းသေးတယ် ! နောက်နေ့ သွားစရာရှိတယ် ညဥ့်နက်တဲ့ ထိမနေနဲ့ မနက်ထရမှာ ဘာညာ အရှည်ကြီး သြဝါဒခြွေပေမယ့် Hana ဆိုတဲ့ လူလည်လေးက အညှာကိုင်ပြီးတောင်းဆိုတယ်လေ.....
"Baozi! သရဲကား ပြီးထိ တူတူ ထိုင်ကြည့်ပေးရင် love hug တစ်ခါပေးမယ် "
အဲ့ဒီ့လှပတဲ့ ထောင်ချောက်ကို တိုးဝင်မိတာ ကျွန်တော် Baozi ရယ်ပါ.....သူ့ရဲ့ Love hug အတွက် သရဲကားကို Hana ကျောပြင်နောက်မှာ ပုန်းလျိုးကွယ်လျိုးကြည့်ခဲ့ရတယ်....
ပြီးတော့ Hana က အိပ်ချင်ပြီဆိုပြီး ကုတင်ပေါ်တက် အိပ်ပျော်သွားလိုက်တာ ကျွန်တော်မှာ Love hug မရတဲ့အပြင် အခုလို အိပ်မပျော် ကြက်အိပ် ကြက်နိုးအဖြစ်ကိုရောက်တော့တာပဲ.....
**ekkkk**
မျက်လုံးထဲ ပြန်ပြန်မြင်လာတဲ့ သရဲကားထဲက ဇာတ်ဝင်ခန်းတွေကြောင့် ကျွန်တော် မျက်လုံးတွေ ဇွတ်မှိတ်ပြီး ဘေးက Hana ကို ကောက်ဖက်လိုက်တယ်!
"အယ် ? ? ?"
"Hana?"
"Hana? ဘယ်ရောက်?"
YOU ARE READING
Simple Love
FanfictionOwn creation Fanfic of Chinese cosplayers Baozi and Hana ! Please enjoy mina san !! Love you all ♥ ♥ ♥