B.O.B...1

2.7K 120 18
                                    

အမှောင်တွေကို သဘောကျတာလား<<<

မဟုတ်ပါဘူး ငါ အမှောင်ကြောက်တယ်....

ဒါဆို ဘာလို့ အမှောင်ထဲ နေတာလဲ<<<

ဘယ်သူမှ ငါ့ကို မမြင်နိုင်အောင်လို့.....

*******************BOB******************

"Jeno yah...."

"Junieလာပြီးလား....ငါစောင့်နေတာ"

"ဆောရီး....ငါ ညက အိပ်တာနောက်ကျသွားလို့''

"ရပါတယ် လာ..... အတန်းသွားရအောင်"

Jenoနဲ့Renjunတို့သည်
ငယ်ငယ်လေးကတည်းက
ပေါင်းလာတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြသည်။

Jenoသည် ဘယ်သောအခါမှ
Renjunကလွဲ၍ တခြားသူတွေနဲ့မပေါင်းခဲ့။

Renjunအား အလိုလိုက်ကာ အလျှော့ပေးတတ်သည်။

အကြောင်းမှာ Renjunသည်
ပိန်ပိန်သေးသေးလေးဖြစ်ကာ
ကလေးနဲ့တူနေတာကြောင့်ပင်။

Renjunအား ညီလိုတစ်မျိုး
သူငယ်ချင်းလိုတစ်ဖုံ ဆက်ဆံတတ်သည်။

သူ့ထက် အသက်တစ်လကြီးသော်လည်း
သေးကွေးနေတာကြောင့် သူ့ညီလေးဟု စစနေတတ်သည်။

"Jeno ငါ အရပ်မြင့်လာလား''

"Junie မင်းကမြင့်မှာမဟုတ်တော့ဘူးဆို"

"Lee Jeno ငါပုပေမယ့် ခုန်ပြီး
လည်ပင်းညစ်လို့ရတယ်နော်"

"ဟားဟား Renjunieရာ....
ကလေးလိုဘဲ စိတ်ကောက်နေတာလား??''

"ယောင်္ကျားလေးက စိတ်ကောက်တတ်လား Jeno''

"မင်းကတော့ ကောက်တတ်မှာပေါ့ Junie''

"မစနဲ့တော့နော်....ငါတကယ်စိတ်ဆိုးတော့မှာ''

"ဟုတ်ပါပြီး Renjunieရယ်''

ကျနော် Jenoဆိုသည်မှာလည်း
Renjunစိတ်ဆိုးမှာကို အင်မတန်ကြောက်ရသည်။

ဟိုတစ်ခါ သူစိတ်ဆိုးပြီး
စကားမပြောတော့
ကျနော့်မှာ မုန့်ဖိုးတွေစုပြီး
သူကြိုက်တဲ့ Moominလေး
ဝယ်ပေးလိုက်ရသေးတာ....။
နောက်တစ်ခါ စိတ်ဆိုးလို့မဖြစ်။
ကျနော်လိုချင်တာတွေဝယ်ဖို့
စုဆောင်းထားရတာတွေ ကုန်သွားမယ်။

BLÂĈK ŌÑ BLÀÇK [ Complete ]Where stories live. Discover now