B.O.B...8

546 85 8
                                    

"သား အသင့်ဖြစ်ရင် ဆင်းလာခဲ့နော်...
သားဖေဖေ အောက်ထပ်မှာ စောင့်နေတယ်''

သူ ဒယ်ဒီ့ကိုခေါင်းသာညိတ်ပြလိုက်သည်။
ဒီနေ့က Kim Group ရဲ့ ၁၅နှစ်ပြည့် ပါတီ...
တစ်နည်းအားဖြင့်တော့ သူ့ရဲ့ ၂၃နှစ်ပြည့်မွေးနေ့....

ကုမ္ပဏီက အကြီးအကဲတွေနဲ့
ဝန်ထမ်းတွေကလွဲရင်
အပြင်လူ တက်ရောက်ခွင့်မရှိတဲ့
သီးသန့်ပါတီဖြစ်သည်။

ဒီနေ့မှာ ဖေဖေ သူ့ကို ရာထူးလွှဲပြောင်းပေးဖို့်
တရားဝင်ကြော်ငြာမည် ဖြစ်တာကြောင့်
ဒယ်ဒီက အကျီအဝတ်အစားက အစ
ဖိနပ်အဆုံး သေချာ စီစဉ်ပေးနေသည်။

သူ အထက်တန်းပြီးကတည်းက ဖေဖေ့ဆန္ဒအတိုင်း
နိုင်ငံခြားကို ပညာသင် သွားခဲ့သည်။
စီးပွားရေးအတွက် လိုအပ်သည့်သင်ယူမှုအားလုံးကို
ဖေဖေ ရွေးထားပေးသည့် သီးသန့်ဆရာနှင့်သာ
သူ သင်ကြားခဲ့ရသည်။

အခု သူသိသင့်သမျှ အကုန်သိလာပြီးမို့
ဖေဖေက အခုလို လွှဲပေးခြင်းပင်။

သူ သိတတ်တဲ့အရွယ်ကတည်းက
စီးပွားရေးကို စိတ်မဝင်စားခဲ့တာကြောင့်
ကုမ္ပဏီတွေ ဘာတွေလည်း မမက်မောခဲ့...။

သူ အတွေးထဲ လွန်ခဲ့တဲ့ ၆နှစ်ကတည်းက
နေရာယူထားသည့် Lee Jenoကိုသာ
သူ့ ဘဝ ဟု မှတ်ယူခဲ့သည်။

သူ နိုင်ငံခြားထွက်သွားသည့်အချိန်ကလည်း
Jenoနဲ့ သူ အဆင်ပြေခါစ သာ ဖြစ်တာမို့
အခုနေ ပြန်တွေ့ရင် ဘယ်လိုဖြစ်နေမလဲ
သူ သိချင်မိသည်။

သူ ထွက်သွားတဲ့ အချိန်တွေ အတွင်းမှာလည်း
Jenoကို အဆက်သွယ် မလုပ်ခဲ့....။
Renjunဆီက ကြားရသော သတင်းတွေနှင့်သာ
သူ တင်းတိမ်ခဲ့သည်။

Jeno အသံသာကြားလျှင်
သူ ချက်ချင်း ပြန်လာမိမှာ စိုးလို့သာ....။

**ငါ ပြန်လာပြီး Jeno...ငါ့ကို မကြိုဆိုနေတဲ့ မင်းဆီကို**

____________________________________________

"Jeno ya ဘယ်လိုနေလဲ....
ငါကြည့်လို့ ကောင်းရဲ့လား''

Jenoတစ်ယောက် Renjun ပြင်ဆင်နေသည်ကို
စောင့်နေသည်မှာ လွန်ခဲ့တဲ့ ၂နာရီကတည်းကပင်။

သူ့ ကုတင်ပေါ်မှာလည်း
Renjun ချွတ်လိုက်ဝတ်လိုက် လုပ်ထားသော
အကျီ တွေ အပြည့်...။

BLÂĈK ŌÑ BLÀÇK [ Complete ]Where stories live. Discover now