B.O.B...9

527 80 2
                                    

လူ အသီးသီး သူ့အုပ်စုနဲ့ သူ
တစ်ဝိုင်းစီ စားသောက် ပျော်ပါးနေကြသည်။

"ပြောစမ်းပါဦး Jaemin....
ပြန်ရောက်နေတာ ဘာလို့မပြောတာလဲ''

Renjun အမေးကို Jaemin
ဝိုင်တစ်ငုံလောက် သောက်ပြီးမှ ဖြေဖို့
စဉ်းစားထားသော်လည်း
ဘေးကနေ ခေါင်းကို ရိုက်လိုက်သော
Jeno လက်ကြောင့် နင်သွားရသည်။

"မေးနေတယ်မလား....
အရင်ဖြေပေါ့....''

Jeno အား တစ်ချက် ကြည့်လိုက်ပြီး
Renjun အမေးကို ဖြေလိုက်ရသည်။

"မင်း တို့ကို အံ့ဩသွားအောင်လို့ပါ....
တန်ပါတယ် တစ်ချက်လောက်တော့
သမ ထိသွားတယ်''

မဲ့ကာရွဲ့ကာ ပြောလာသော Jaemin ကြောင့်
Renjun ဗိုက်နှိပ်ကာ ရယ်နေသော်လည်း
Jeno ကတော့ ငြိမ်နေတာမို့
Jaemin ရော Renjun ပါ အရယ် ရပ်သွားသည်။

"ဘာဖြစ်လို့လဲ Jeno...''

"မင်း သွားကတည်းက ငါတို့ဆီ
အဆက်သွယ် မလုပ်တာကရော
Surprise လား Jaemin...''

"အဲ့ ဒါက....''

"ဟမ်...မင်းကို ဖုန်းမဆက်ဘူးလား
ငါ့ဆီတော့ အမြဲလိုလို ဆက်ပါတယ်...''

"ဘာ!! ငါက မင်း သူငယ်ချင်း မဟုတ်လို့လား
Jaemin..... ငါ့ကိုကျ ချန်ထားတာ''

"မင်းဆီ မဆက်ဖြစ်ပေမယ့်
Renjunnieဆီကနေတော့
မင်း အကြောင်းတွေ အမြဲ
ကြားပါတယ် Jenoရာ...
စိတ်ကောက်မနေနဲ့...
မင်းနဲ့ မလိုက်ဘူး''

Jeno သူ့ကို အခုလို
ခင်မင်ပေးနေတာကို
သူတကယ် ဝမ်းသာမိသည်။
ဒါသူ့အတွက် ကြိုးစားရမယ့်
အခွင့်အရေးပင်။

"ဒါနဲ့ Renjunnie ....
ငါ အလုပ်စဝင်တဲ့ နေ့ကစပြီး
မင်းက ငါ့အတွင်းရေးမှူးလုပ်ပေးရမှာ...
လုပ်မယ်မလား''

"တကယ်လား Jaemin....
လုပ်မှာပေါ့...
Lee Jeno တွေ့တယ်မလား...
ငါ့ကို အလုပ်ပေးတဲ့ လူရှိပြီးကွ....''

"Jaemin မလို့ မင်းအလုပ်ရတာပါ
Renjunnieရာ... ငါသာဆို
မပေးဘူး''

Renjun ဘာမှ ပြန်မပြောဘဲ
မျက်စောင်းထိုးလိုက်တာကြောင့်
Jaemin ရော Jeno ပါ
ရယ်နေကြတော့သည်။

"သားက Renjunလေးကို
အတွင်းရေးမှူး လုပ်ခိုင်းတာဆို Jongin...''

"ဟုတ်တယ် Hyung....''

BLÂĈK ŌÑ BLÀÇK [ Complete ]Where stories live. Discover now