B.O.B...5

541 84 9
                                    

"Jongin မင်း သားကို ဘယ်တော့မှ
ပြောမှာလဲ....''

"ကျွန်တော် ကြောက်တယ် Hyung''

ကျွန်တော်နဲ့ Kyung Soo Hyung သည်
အထက်တန်းကတည်းက ချစ်ခဲ့ကြသည့်
ချစ်သူတွေဖြစ်သည်။
ကျွန်တော် အသက် ၁၇နှစ်လောက်က
သူငယ်ချင်းတွေ မြူဆွယ်တာကြောင့်
အရက်သောက်မိပြီး Kyung Soo Hyungကို
မဟုတ်တာလုပ်ခဲ့မိသည်။
ကျွန်တော့်ကို အကြီးအကျယ်
စိတ်ဆိုးသွားသော Kyung Soo Hyungမှာ
ထိုနေ့ကတည်းက ပျောက်သွားခဲ့သည်။

နောက်ထပ်၂နှစ်အကြာ
ကျွန်တော့်အသက်၁၉နှစ်မှာ
အမည်မသိလူတစ်ယောက်ထံမှ
စာတစ်စောင်ရောက်လာခဲ့သည်။

.....မိဘမဲ့ကျောင်းမှ ကလေးတစ်ယောက်ကို
ခေါ်ယူမွေးစားပေးရန်နှင့် ထိုကလေးသည်
ကျွန်တော်၏ သွေးသားအရင်းဖြစ်ကြောင်းဟူသော
အချက်အလက်ပေါင်းများစွာကြောင့်
ကျွန်တော် ထိုကလေးကို မွေးစားရန်
ဆုံးဖြတ်ခဲ့သည်။

အဓိက ကတော့ စာအောက်ဆုံးက
D.O.ဆိုတဲ့စာလုံးလေးကြောင့်ပင်။

ထိုကလေးမှာ အခြားသူမဟုတ်....။

ကျွန်တော့်သား Jaeminnieပင်.....။

သားသာ ဒီကိစ္စတွေ အမှန်အတိုင်းသိသွားခဲ့ရင်
လက်မခံနိုင်မှာကို ကျွန်တော် တကယ်ကြောက်မိသည်။
ကျွန်တော့်သားသည် အပြင်ပန်းသာ
မာကြောသည့်ပုံ ပေါက်နေပေမယ့်
အတွင်းစိတ်မှာ နုနယ်လှသည်။
အဖေနှစ်ယောက်ရှိသည်ဆိုတာမျိုး
ကျွန်တော် သားကို တကယ်ကို ပြောမထွက်ပေ။

သားဘက်ကသာ လက်မခံဘူးဆိုရင်
ခံစားရမှာက ကျွန်တော်တစ်ယောက်တည်း
မဟုတ်တာကြောင့် ကျွန်တော်တွန့်ဆုတ်နေမိသည်။

Hyungကတော့ သတ္တိရှိရှိပြောဖို့
တိုက်တွန်းပေမယ့် သား စိတ်ညစ်ရမည်ကိုလည်း
ကျွန်တော် မလိုလား။

သားက ကျွန်တော့်ဘဝမှာ
နှစ်ခါမရနိုင်တဲ့ တန်ဖိုးကြီးအရာတွေထဲက
တစ်ခုအပါအဝင်မို့ သား ထိခိုက်ရမည့်အလုပ်မျိုး
ကျွန်တော် တစ်ခါမှ မလုပ်ခဲ့။

"မင်း ဒီနှစ်အတွင်းမှာမှ မပြောရင်
ငါ ဘိုးဘွားရိပ်သာမှာ
စာရင်းသွားသွင်းတော့မယ် Jongin''

BLÂĈK ŌÑ BLÀÇK [ Complete ]Where stories live. Discover now