B.O.B...16(FINAL)

1.4K 103 35
                                    

Jeno အိပ်ရာက နိုးတော့
ညနေ ၅နာရီပင် ရှိနေပြီးဖြစ်သည်...
သူ ရေချိုးခန်းထဲဝင်ကာ
ရေမိုးချိုးပြီး ပြန်ထွက်လာတော့
အိမ်ရှေ့မှာ ကားသံ ကြားလိုက်ရသည်...
သူ့အဖေဟု ထင်နေသော်လည်း
Jaemin လေး လာ ဟု ပြောနေသော
သူ့အမေ အသံကြောင့်
သူ အောက်ထပ် အမြန်ဆင်းခဲ့ရသည်...

"Jaeminnie တစ်ယောက်ထဲလာတာလား....
Renjunnieရော....''

"ကျနော် ကုမ္ပဏီက နေ တစ်ခါထဲ
ဝင်လာခဲ့တာမို့ပါ Renjunnie
ကတော့ အိမ်မှာ...''

"Jaemin ငါ့အခန်းထဲ လိုက်ခဲ့...
မေမေ ကျနော့်အခန်းထဲမှာဘဲ
စကားပြောတော့မယ်....''

ဘာကိစ္စမှန်း မသိတာကြောင့်
မေမေ့ရှေ့မှာတော့ မပြောစေချင်....။

အခုချိန်မှာ ကျနော့်အခန်းက
အလုံခြုံဆုံး နေရာ ပင် မဟုတ်လား။

"ပြော Jaemin.... ဘာလို့
ငါ့ကို အလောတကြီး ပြန်လာခိုင်းရတာလဲ.. ''

"ငါ Renjunnie နဲ့ ကွာရှင်းတော့မလို့....''

တည်ငြိမ်သော အသံနဲ့ ပြောလာတဲ့
Jaemin ကို Jeno တကယ် နားမလည်းနိုင်။
Jaemin ကိုယ်တိုင် Renjun ကို သဘောကျလို့
သူ့ဆီကနေ လုယူခဲ့တာ မဟုတ်ဘူးလား...။

"ဘာလို့လဲ Jaemin....''

သူ ကျနော့်ကို တစ်ချက် မော့ကြည့်ကာ
ပြန်ပြီး အကြည့်လွှဲသွားသည်။
ပြီးမှ သူ ပြောချင်တာကို
ထပ်ပြောသည်....။

"ငါ ဒီနှစ်တွေမှာ မင်းအစား
Renjunကို စောင့်ရှောက်နေခဲ့တာ...
မင်းပြန်လာရင် မင်းလက်ထဲ
Renjunကို စိတ်ချလက်ချ အပ်ခဲ့မလို့...
ဒါပေမယ့် မင်း က ပြန်မလာတဲ့အပြင်
အဆက်အသွယ်လည်း မလုပ်ခဲ့ဘူး....
ငါ့ကြောင့်နဲ့ မင်း Renjun ကို
ဆုံးရှုံးလိုက်ရတယ်ဆိုတာ
ငါသိတယ် Jeno....
မင်း သူ့ကို ချစ်တယ်ဆိုတာ ငါသိတယ်....
ဒါကြောင့် ငါ မင်းနဲ့ဘဲ ငါ့သူငယ်ချင်း
Renjun ကို စိတ်ချတာ....
Jeno မင်း တစ်ယောက်တည်းကဘဲ
Renjun ကို ပျော်အောင်ထားပေးနိုင်မှာ.... ''

"မင်း ဘာတွေ ပြောနေတာလဲ Jaemin....
ဟုတ်တယ် ငါ အရင်က Renjun ကို
ချစ်ခဲ့တာ မှန်ပေမယ့် အခု ငါသူ့ကို
သူငယ်ချင်းတစ်ယောက်လိုဘဲ ချစ်တာ....
မင်း ကိုယ်တိုင် Renjun ကို ရအောင်
ယူခဲ့ပြီးမှ ဘာလို့ အခုလို စွန့်ပစ် ချင်နေရတာလဲ....
မင်း အပြစ်ကို ငါ့ကြောင့်ဆိုပြီး လွှဲချနေတာလား...''

BLÂĈK ŌÑ BLÀÇK [ Complete ]Where stories live. Discover now