B.O.B...15

551 69 7
                                    

ဆိုလ်းရဲ့ အအေးဒဏ်ကို
ရုတ်တရက်ကြီး ထိတွေ့လိုက်ရတာကြောင့်
လူပါ ဖျားချင်သလို ဖြစ်သွားရသည်....
ဘယ်သူ့ကိုမှ အသိမပေးဘဲ
ပြန်လာတာကြောင့်
လာကြိုမည့်သူလည်း တစ်ယောက်မှ ရှိမနေ....။

မှတ်မိနေတဲ့ ဖုန်းနံပါတ်လေးတစ်ခုကို
ခေါ်လိုက်တော့ တစ်ဖက်မှ
မကြားရတာ ကြာပြီးဖြစ်တဲ့
အသံအေးအေးလေး ထွက်လာသည်....။

"Hello..... Moomin Cafe ကပါ''

ကော်ဖီဆိုင်မှာ ရှိနေတာများလား...။

"Renjunnie...ငါ ပါ ''

"Lee Jeno နောက်ဆုံးတော့
မင်း ငါ့ဆီ ဆက်သွယ်ပြီပေါ့....''

ချက်ချင်းကို ဆူတော့တာဘဲ
Huang အသေးလေးကတော့....။

"နောက်မှ အော်ပါ Renjunရာ...
ငါ လေဆိပ်မှာ အေးလို့ သေတော့မယ်...''

သူပြောလိုက်တော့မှ ဆူနေတဲ့
အသံတွေ တိတ်သွားသည်....။

ကြည့်ရတာ ဖုန်းချဖို့မေ့ပြီး
ကျနော့်ဆီ လာနေတာဖြစ်လိမ့်မည်...။

ကျနော့် သူငယ်ချင်းလေးက
အရင်ကအတိုင်း ချစ်ဖို့ကောင်းတုန်းဘဲ....

Jaemin ရော Renjunnieကို
ဂရုစိုက်ရဲ့လား.....။

နာရီဝက်ကျော်ကျော်လောက်
စောင့်နေပြီးတဲ့နောက်မှာ
Renjunnie ရောက်လာသည်....။

တွေ့တာနဲ့ကျနော့်ကို ထုရိုက်ကာ
အော်တော့သည်...။

"Yahh Lee Jeno.... ငါ့ကို အဆက်သွယ်
မလုပ်ဘဲ ပြစ်ထားပြီး....အခုမှ ပြန်လာရလား...
ငါကတော့ သတိရလို့ သေတော့မယ်....
မင်းက တစ်စက်မှ ငါ့ကို သတိမရဘူးမလား....
အကျင့်ပုတ်ကောင်....''

ကျနော် သူ့လက်ကို ဆွဲထားလိုက်မှ
ရိုက်နေတာ ရပ်သွားတော့သည်...။

"ငါ လည်း သတိရပါတယ် Renjunရာ...
မဆက်သွယ်ဘူးဆိုတာကလည်း
မင်း တို့အသံကြားရင် ငါ ပြန်လာချင်မှာ
စိုးလို့ပါ...မေမေတို့ဆီတောင် တခါတလေ
မှ ဖုန်းဆက်တာကို....''

သူ့ကို သေချာရှင်းပြတော့
အငိုရပ်သွားသည်....။

"စိတ်မဆိုးနဲ့တော့နော်...
ငါလည်း အခုပြန်လာပြီးဘဲ...
မင်းကို အချိန်ပေးပါ့မယ်ကွာ....
ဒါနဲ့ Jaeminnieရော....''

BLÂĈK ŌÑ BLÀÇK [ Complete ]Where stories live. Discover now