"Renjunnie ငါ အလုပ်သွားတော့မယ်''
"မနက်စာရော....''
"အပြင်မှာဘဲ စားလိုက်တော့မယ်....
အရေးကြီးတဲ့ meeting ရှိနေလို့''ကျနော်တို့ အိမ်ထောင်သက် ၃နှစ်အတွင်းမှာ
Jaemin ဟာ ကျနော် ပြင်ဆင်ထားသည်ကို
ဘယ်တော့မှ မစား...။
အပြင်မှာသာ အမြဲစားတတ်သည်။
ကျနော်ကလည်း အမှတ်မရှိ အမြဲတမ်း
သူ့အတွက် ပြင်ဆင်ထားပေးသည်။ကျနော်က သူ့ရဲ့ တရားဝင် ခင်ပွန်းဘဲလေ....။
ကုမ္ပဏီ မှာလည်း ကျနော် ဆက်မလုပ်တော့ဘဲ
Jeno လက်ဆောင်ပေးခဲ့တဲ့ ကော်ဖီဆိုင်မှာသာ
အချိန်တွေ ကုန်ဆုံးခဲ့သည်....။Jaemin ကတော့ ကျနော့်ကို အရင်အတိုင်း
ပုံမှန်သာ ဆက်ဆံပေးသည်...။အင်း...အရင် ပုံစံ....အရင် က သူငယ်ချင်းလိုပုံစံ.....။
Jeno ကိုလည်း အခုချိန်ထိ
လုံးဝဆက်သွယ်မရပေ....။
ဖုန်းနံပါတ်တွေ ချိန်းထားပြီး
သူ့မိဘတွေဆီကိုတောင်
သူ့ အကို ဖုန်းဖြင့်သာ
အဆက်သွယ် လုပ်သည်ဟု သိရသည်။ကျနော့်ကို အဆက်အသွယ်
မလုပ်တော့တဲ့ အထိ
Jeno နာကြည်း သွားတာ နေမှာ....။မဟုတ်ရင် Jeno က အခုလို နေနိုင်မှာ မဟုတ်ဘူး...
ကျနော်က သူ့ရဲ့ အခင်မင်ဆုံး သူငယ်ချင်းကို....။Jeno ရေ ငါ မင်းကို သတိရလိုက်တာ...။
အတွေးလွန်နေတာတွေရပ်ကာ
မနက်စာ ဝိုင်းကို သိမ်းလိုက်ပြီး
ကျနော်လည်း ရေမိုးချိုး ပြင်ဆင်ကာ
ဆိုင်ကို ထွက်ခဲ့သည်....။ရာသီဥတုကအေးတော့
ဒီနေ့လည်း ဆိုင်မှာ လူကျဦးမှာ....။Jaemin ကို လွမ်းဖို့ အချိန်တောင် မရှိတော့ဘူး.....။
_____________________
ကျနော် ဆိုင်ကို ရောက်တော့
လူသိပ်မကျသေး.....ဆိုင်က ဝန်ထမ်းတွေတော့
အားလုံးရောက်နေပြီး ဖြစ်သည်။
ကျနော်က ကျနော့်လိုမျိုး
စည်ကမ်းရှိပြီး အချိန်လေးစားတဲ့ လူမျိုးဘဲ
ရွေးပြီး ခန့်ထားတာဆိုတော့လေ....။"သူဌေး ရောက်ပြီးလား...
ဒီနေ့ စောတယ်နော်..''"အင်း.....Jisung...Hyung လို့ဘဲ ခေါ်ပါဆို..
ဒီနေ့ ဘယ်လောက် ရောင်းရပြီးလဲ''
YOU ARE READING
BLÂĈK ŌÑ BLÀÇK [ Complete ]
Randomဗီလိန်တစ်ယောက်ဖြစ်သွားရင်လည်း..... ♥NoMin♥JaeJun♥JeRen