B.O.B...10

508 79 6
                                    

နေရောင်ခြည်နွေးနွေးက အခန်းပြတင်းကို
ဖြတ်ကာ ကုတင်ပေါ် ကားယားကြီး
အိပ်နေတဲ့ Jaemin အပေါ် ကျရောက်လာသည်။

အသိစိတ်က အိပ်ရာထချိန်တန်ပြီဆိုတာ
သိနေသော်လည်း
မသိစိတ်ကမူ ထိုအိပ်ရာပေါ်ကနေ
တစ်စက်ကလေးမှ မရွေ့ချင်နေ။

အသက် ၂၃ နှစ်တင်းတင်း ပြည့်နေသော်လည်း
အလုပ် သွားရမှာတော့ သူ အင်မတန် ပျင်းကာ
လုံးဝ လုံးဝကို မထချင်....။

လွန်ခဲ့တဲ့ တစ်ပတ်ကပင်
တရားဝင် လွှဲပြောင်းခြင်းခံထားရသော
ရာထူအား အားနာလာ၍
အိပ်ရာမှ ကုန်းရုန်းထလိုက်ရသည်။

တစ်လ လောက် အလုပ်သေချာ
လုပ်ပြီးရင်တော့ အလုပ်ချိန်
ပြောင်းပစ်မှပါလေ...။

Jaemin တစ်ယောက် အိပ်ရာထကာစ
ပွယောင်းနေသော ဘုတ်သိုက်ဆံပင်တို့ကို
လက်နှင့် သပ်ကာ ရေချိုးခန်းဆီ
လျှောက်လာခဲ့သည်။

နာရီဝက်ခန့် ရေစိမ်ပြီးတဲ့နောက်...
(အမှန်တော့ အိပ်ပျော်သွားတာ)
သူ ရေချိုးဝတ်ကို ဝတ်ကာ
အပြင် ထွက်လာခဲ့သည်။

သူ့အခန်းထဲ တော်ရုံ ဘယ်သူမှ
မဝင်တတ်တာမို့ ခါးကြိုးချည်မနေတော့ဘဲ
စိုနေတဲ့ ဆံပင်တွေကိုသာ
ပဝါ နဲ့ သုတ်ရင်း.......

"အား....''

နားထဲ စူးကနဲ ဝင်လာတဲ့ အသံကြောင့်
သူ အမြန်ပင် ကြည့်လိုက်တော့
သူ့ကုတင်ပေါ် မိန့်မိန့်ကြီး ထိုင်ကာ
မျက်လုံးကို လက်နှစ်ဖက်နဲ့
အတင်းပိတ်ထားတဲ့
Huang Renjun ကို
တွေ့လိုက်ရသည်။

သူ လည်း အခုမှ သတိထားမိကာ
ကြိုး မြန်မြန်ချည်လိုက်ပြီး

"Yah..... မင်း က ဘာလို့ ငါ့အခန်းထဲ
ရောက်နေတာလဲ....''

"Kyung Daddy က တက်သွားဆိုလို့လေ...
မင်းအခန်းကလဲ တံခါးမှ မပိတ်ထားတာ..''

မျက်လုံးကြီး မှိတ်လျှက် ပြန်ဖြေလာသည့်
Renjunnieကြောင့် သူ ပြုံးမိသွားသည်။

"မျက်လုံးက ဖွင့် လို့ရပြီး Jun....''

"အာ..... ''

"ဒါနဲ့ တစ်ယောက်တည်း လာတာလား...
Jenoရော...''

"သူ သွားစရာရှိလို့.....
ဒီကိုဘဲ ပို့ပေးခဲ့တာ...''

"အော်... ''

BLÂĈK ŌÑ BLÀÇK [ Complete ]Where stories live. Discover now