ကိုယ်ချစ်တာကို သူသိပြီး
ကိုယ့်ကို ပြန်မချစ်တာကို
တစ်ဖက်သတ် အချစ်လို့ ခေါ်တယ်...ကိုယ်ချစ်တာ သူမသိဘဲနဲ့
ကိုယ်ဘက်ကဘဲ ချစ်နေရတာကို
တိတ်တခိုး အချစ်လို့ ခေါ်တယ်...စတွေ့တဲ့ အချိန်ကနေ
မပြောင်းလဲဘဲ ချစ်နေတာမျိုးကိုတော့
မြင်မြင်ချင်း အချစ်လို့ ခေါ်တယ်...ငါက မင်းကို မြင်မြင်ချင်းချစ်မိပြီး
တစ်ယောက်တည်း တိတ်တခိုးလေး
ချစ်နေခဲ့ရတာ Jeno....ထပ်ပြီး တစ်ဖက်သတ်ရာထူး တိုးပေးဦးမလို့လား....
~~~~~~~~~~~~B.O.B~~~~~~~~~~~~~
"ကျောင်းအသစ်က အဆင်ပြေရဲ့လား Jaemin''
"ပြေပါတယ် ဖေဖေ....သူငယ်ချင်းတွေကလည်း
ခင်ဖို့ကောင်းကြတယ်''ကျနော်နဲ့ ဖေဖေ စကားပြောတဲ့အချိန်တိုင်း
ဖေဖေက ကျနော် အဆင်ပြေမပြေကိုသာ
အမြဲ ဂရုတစိုက် မေးတတ်သည်။ကျနော် ဖေဖေ့ကို ပထမဦးဆုံးအကြိမ်
အားနာမိသည်။ကျနော်သာ ယောင်္ကျားလေးတစ်ယောက်ကို
ကြိုက်နေမှန်း ဖေဖေသိသွားရင်
ဖေဖေတစ်ယောက် အဆင်ပြေပါ့မလား။ကျနော် ဒါတစ်ခုတော့ ထိတ်လန့်မိသည်။
Jeno ကိုသဘောကျ၍သာ
ကျနော့်ကို ကျနော် ပြုပြင်ပြောင်းလဲခဲ့သည်။
ဖေဖေ ကတော့ Jenoနဲ့ ပတ်သတ်ပြီး
ဘာမှ မသိခဲ့တာမို့
ဖေဖေသာ သိသွားခဲ့ရင်
ကျနော့်ကို ဘယ်လိုတုံ့ပြန်မလဲ
ကျနော် သိချင်မိလာသည်။"ပြောစရာရှိသေးလို့လား Jaeminnie''
"မရှိတော့ပါဘူး ဖေဖေ ....
ကျနော် အခန်းထဲ ဝင်တော့မယ်''သူအခန်းထဲရောက်တော့ ပထမဆုံးစဉ်စားမိသည်က
Jeno နဲ့ Renjun အကြောင်းပင်။Jenoကြောင့် သူ ကျောင်းသာမက
သူ့ကိုယ်သူပါ ပြောင်းလဲနေထိုင်ခဲ့တာ
Jenoကတော့ Renjunကို
သဘောကျနေသည်တဲ့လား.....။ဒါကတော့ ထွေထွေထူးထူး ပြသာနာမဟုတ်ပေ။
အဓိက က Renjun ဘက်က Jenoကို
ပြန်သဘောမကျဖို့ဘဲ လိုတာလေ....။ကံတရားက သူ့ဘက်ကို
ပါလွန်းနေသလားလို့တောင် ထင်ရသည်။Renjunသည် Jenoရဲ့ သူ့အပေါ်ခံစားချက်ကို
သူငယ်ချင်းတစ်ယောက်လို့ သာ ထင်မြင်နေသည်။
YOU ARE READING
BLÂĈK ŌÑ BLÀÇK [ Complete ]
De Todoဗီလိန်တစ်ယောက်ဖြစ်သွားရင်လည်း..... ♥NoMin♥JaeJun♥JeRen