လရောင်ထိန်ထိန်လင်းနေတဲ့ညကောင်းကင်ယံကိုပြိုးပြိုးပြက်ပြက်လင်းလက်နေတဲ့ကြယ်များကြဲထားသလိုပြန့်ကျဲနေသည်။
နေ့ရောင်အောက်ဆိုခြေချင်းလိမ်မတတ်ရူပ်ယှက်ခတ်နေတတ်တဲ့ဒီလမ်းမတန်းကလဲအခုတော့သူမဟုတ်သည့်အတိုင်းပင်တိတ်ဆိတ်ငြိမ်သက်နေသည်။
မောကြည့်ပါကမဆုံးနိုင်သည့်အထိမြင့်မားလှတဲ့တိုက်တာတွေဟိုတယ်တွေကြားထဲမှာတည်ရှိတဲ့သူ့အလုပ်လုပ်ရာနေရာ ဒီလိုမျိုးလူခြေတိတ်လောက်သည့်အချိန်မှ သူရုံးဆင်းလေ့ရှိသည်။
ခြောက်နှစ်တာလုံးလုံးတစ်ရက်မှမပျက်ကွက်ဘဲလျှောက်ခဲ့တဲ့ဒီလမ်းကိုလဲငြီးငွေ့လှသည်။
သူ့ ကဲ့သို့မဟုတ်ဘဲ ခြောက်နစ်လုံးလုံးမီးပေးဖို့တာဝန်ကွက်ပျက်ခဲ့သည့် သူ့ရုံးရှေ့ကလမ်းမီးတိုင်အိုကြီးအောက်မှာသူမတ်တပ်ရပ်ကာ တစ်ဖက်ကားလမ်းကမီးမှောင်နေတဲ့ကော်ဖီဆိုင်လေးကိုသူလှမ်းကြည့်လိုက်သည်။
ရှစ်နာရီအတိဆိုလျှင်ထိုကော်ဖီဆိုင်လေးပိတ်တတ်သည် ဒီ့နောက်ဆိုင်ရှင်ကတံခါးပိတ်ကာဆိုင်ပိတ်ခြင်းအလုပ်ကိုငါးမိနစ်နီးပါးလုပ်မည် ပြီးလျှင် ဆိုင်ရှေ့ပလက်ဖောင်းကနေလမ်းလျှောက်အိမ်ပြန်မည် ဒီသည်ကသူ့ရဲ့ထုံးစံပင်။
သူလျှောက်ရာပလက်ဖောင်းနဲ့မတူ ထိန်လင်းလှတဲ့ကော်ဖီဆိုင်ပိုင်ရှင်လမ်းလျောက်ရာနေရာ ထို့ကြောင့်လဲ အဲ့လူရဲ့မျက်နှာသွင်ပြင်ကိုထင်ထင်ရှားရှားသူမြင်နေရသည်။
ဘေးနားကဖြတ်သွားလျှင်ပင်လည်ပြန်ငေးရမည့်ရုပ်ရည်ပိုင်ရှင်မျိုး။
ထိုဆိုင်ပိုင်ရှင်လျှောက်နေရာ လမ်းကွေ့လေးနားရောက်လျှင် သူအပြေးလေးမျဉ်းကြားကနေလမ်းကူးသွားမည် မီးနီသည် စိမ်းသည်ဂရုစိုက်လေ့မရှိ ။
ထို့နောက်အဲ့ဆိုင်ပိုင်ရှင်ရဲ့နူးညံ့တဲ့လက်အစုံကိုသူ့ရဲ့ကြီးမားတဲ့လက်နဲ့ဆုပ်ကိုင်ကာအိမ်ပြန်လမ်းကိုလျှောက်လိုက်မည်။
ဒါကသူ့ရဲ့မူးယစ်ဆေးထက်ပိုစွဲလန်းနေမိတဲ့အမူအကျင့်။
ထို့နောက်သူ၏လက်ချောင်းတွေနဲ့ယှက်နေသောလက်ချောင်းများကိုသူတိတ်တခိုးနမ်းရိုက်လိုက်မည်။
YOU ARE READING
Back To You || NAMJIN FF
Fanfictionကြာကြာချစ်တဲ့အချစ်က ဘာလို့မရင့်ကျက်ဘဲ ငြီးငွေ့ဖို့ကောင်းလာတာလဲ?? စိတ်မကောင်းပါဘူး...ငါတို့အချစ်က အဲ့လိုဖြစ်သွားတဲ့အတွက်။ |DISCONTINUED|