'Kim Namjoon ထူးချွန်စွာဖြင့်အောင်မြင်သည်'
ပြောင်ဝင်းလက်နေသောဒိုင်းဆုများနှင့် သူ၏ထူးချွန်မူအကြောင်းကိုသီကုံးကာရေးဖွဲ့ထားတဲ့ ဂုဏ်ပြုလွှာများစွာက သူ၏ဆယ်ပေပတ်လည်အိမ်ခန်းထဲမှာ ပြွတ်သိပ်၍နေရာလတ်မရှိအောင်ဖြစ်နေသည်။
အမေမရှိဘဲ ရောဂါသည်အဖေကြီးတစ်ယောက်နှင့် အတူနေထိုင်ရသည့် သူ၏ဘဝကတော့ ပညာဟူသောအရာတွင် ထူးချွန်နေသည်မှာ အဆိုးထဲကအကောင်းလို့ပြောရမလား။
သို့သော်လည်း ငွေကြေးချို့တဲ့သည့် သူ့အတွက် အိမ်မက်ဆိုသည်မှာအလှမ်းဝေးလှသည်။
ထို့ကြောင့် တစ်စိုက်မတ်မတ် သူလေ့လာသည် သင်ယူသည် သူအမြဲတမ်းအိမ်မက် မက်လေ့ရှိတဲ့ အဲ့ဒီ့် K hotelမှာအလုပ်လုပ်ဖို့ရာ ရှိသမျှအချိန်ပိုင်းအလုပ်တွေလုပ် သင်တန်းတွေတက်ရင်းအသက်နစ်ဆယ်အရွယ်တွင် ထိုဟိုတယ်၌ခြေချလို့နိုင်ခဲ့သည်။
"ဒါမင်းအမေကိုယ်တိုင်ရွေးဝယ်ပေးခဲ့တဲ့အဖေ့အကြိုက်ဆုံးဝတ်စုံလေးပေါ့ကွာ" ချောင်းဆိုးရင်း ဖုန်အလိမ်းလိမ်းတက်နေတဲ့ ရုံးဝတ်စုံလေးတစ်စုံကိုသူ့အဖေယူလာကာ သူ့ရဲ့အလုပ်ပထမဆုံးနေ့မှာဝတ်ဆင်ဖို့ပေးခဲ့သည်။
သူနှင့်ပွယောင်းနေသောအကျီဖြစ်သော်လဲ ဂုဏ်ယူစွာဖြင့်အလုပ်သို့နေ့တိုင်းဝတ်သွားခဲ့မိသည်။
သူပျော်ပါသည်။ တဖိမ့်ဖိမ့်တောက်နေသော ကြမ်းပြင်ကြီးနှင့်သူ့အိမ်ထက်ကြီးတဲ့မီးဆိုင်းတွေဆွဲချိတ်ထားတဲ့မျက်နာ
ကျက်အောက်မှာ သူတစ်ဘဝလုံးစိတ်ကူးယဉ်ခဲ့ရတဲ့အလုပ်ကိုလုပ်ရတော့သူမပျော်ဘဲ ဘယ်နေနိုင်တော့မလဲ။ဒီအလုပ်နေရာအတွက် မရေတွက်နိုင်သောညဆိုင်းပေါင်းများစွာလဲဆင်းခဲ့ရသည်။ နှာခေါင်းသွေးတောက်တောက်ယိုသည့်အထိလဲ မနားမနေလေ့လာခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာကြီးပျက်ရင်တောင်သူ ဒီနေရာမှာပဲကုတ်ကပ်နေမှာဖြစ်သည်။
သို့သော် သူ့အတွက်ဆူးငြောင့်တွေကများပါဘိ။ အလုပ်ထဲတွင်သူ့အားနှိမ့်ချသူ အနိုင်ကျင့်ချင်သူပေါင်းများစွာနှင့်ကြုံတွေ့ရသည်။
YOU ARE READING
Back To You || NAMJIN FF
Fanfictionကြာကြာချစ်တဲ့အချစ်က ဘာလို့မရင့်ကျက်ဘဲ ငြီးငွေ့ဖို့ကောင်းလာတာလဲ?? စိတ်မကောင်းပါဘူး...ငါတို့အချစ်က အဲ့လိုဖြစ်သွားတဲ့အတွက်။ |DISCONTINUED|