"အားလုံးလဲသိပြီးသားဖြစ်မှာပါ အခုလာမယ့်စနေနေ့မှာကျွန်တော်တို့companyရဲ့နစ်ဆယ့်ငါးနစ်မြောက်နစ်ပတ်လည်အစီအစဉ်ရှိပါတယ် အဲ့ဒါအားလုံးတက်တက်ကြွကြွနဲ့ပါဝင်ကူညီပေးဖို့တောင်းဆိုချင်ပါတယ်" silent moodထားထားတဲ့သူဖုန်းရဲ့မျက်နာပြင်မှာSeokieဆိုတဲ့နာမည်ပေါ်နေသော်လဲသူလျစ်လျူ ရူလိုက်ကာ ဟန်မပျက်စကားဆက်ပြောလိုက်သည်။
"ကျွန်တော်တို့ဟိုတယ်နဲ့အတူလက်တွဲထားတဲ့ အခြားသောဂုဏ်သရေရှိလူကြီးမင်းများလဲတက်ရောက်မှာဖြစ်တဲ့အတွက် အရာအားလုံးအသေးစိတ်ကအစသတိထားပေးဖို့ ကျွန်တော်ပြောချင်ပါတယ်"
"Namjoon yah ဖုန်းကိုင်စမ်းပါ"
back to you
လွန်ခဲ့တဲ့တစ်ညကNamjoonသူ့အိမ်ကိုအလည်လာပြီးနောက်ပိုင်း သူတို့နစ်ယောက်အခြေအနေပြန်တည်ငြိမ်လာသည်ဟုဆိုရမည်။ အရာအားလုံး သူ့နေရာသူ ပြန်ပြီးပုံမှန်လည်ပတ်နေသည်။ သူလဲ သူ့ကော်ဖီဆိုင်လေးကိုအရင်တိုင်းပြန်ဖွင့်သည် ပိတ်ရက်ကြောင့်မတွေ့ခဲ့ရတဲ့ပုံမှန်ဖောက်သည်တွေကိုအပြုံးလေးနဲ့ပြန်နူတ်ဆက်သည်။
Taehyungလဲအခုမှဆိုင်ကိုပြန်ကပ်သည် ပြီးခဲ့တဲ့ရက်တွေကသူဘယ်ရောက်ပြီးဘာလုပ်လဲဆိုတာကိုတော့Seokjinမမေးမိ Taehyungကလဲဖြေမယ့်လူစားမျိုးမဟုတ်။
သို့ပေမယ့် Junghwan ရဲ့ရုတ်ချည်းပြည်ပသို့သွားရမည့်သတင်းကိုတော့သူစိတ်မကောင်း။ ဒင်းကသူ့ကိုလေဆိပ်တောင်လိုက်မပို့စေချင် ထို့ကြောင့်စိတ်လည်းဆိုးရသည် ဝမ်းလည်းနည်းရသည်။
ဤသည်ကလွဲ၍အရာအားလုံးအဆင်ပြေပါသည်။
ကလင်-ကလင်။ တံခါးဖွင့်သံနဲ့အတူကြားရတဲ့ခေါင်းလောင်းသံကြောင့် customerဝင်လာမှန်းသူသိပါသည်။ ထို့နောက် မရှေးမနှောင်းပင် ဆိုင်ကကောင်လေးတွေရဲ့နူတ်ဆက်သံကိုသူကြားရသည်။
"Seokjin" ရင်းရင်းနှီးနှီးခေါ်လိုက်တဲ့အသံကြောင့် သူနေရာကနေမော့ကြည့်လိုက်သည်။ ထိုသူကတော့ သူ့ရဲ့ဦးလေးအပြင်မည်သူရှိမည်နည်း။
အချိန်ကတော့မွန်းတည့်ချိန်သို့တဖြေးဖြေးရောက်ရှိလာပြီဖြစ်ရာ ဆိုင်ထဲတွင်လဲ ထမင်းစားနားကြသူတို့နှင့်ပြည့်နှက်ဆူညံနေသည်။
YOU ARE READING
Back To You || NAMJIN FF
Fanfictionကြာကြာချစ်တဲ့အချစ်က ဘာလို့မရင့်ကျက်ဘဲ ငြီးငွေ့ဖို့ကောင်းလာတာလဲ?? စိတ်မကောင်းပါဘူး...ငါတို့အချစ်က အဲ့လိုဖြစ်သွားတဲ့အတွက်။ |DISCONTINUED|