အသက် ၃၀ အရွယ် မုဆိုးဖိုအသစ်ကျပ်ချွတ် တာအိုဟာ တစ္ဆေသရဲများကို မယုံကြည်ပါ။ သူ့အကြောင်း ကောင်းကောင်းသိနေတဲ့ သူ့သူငယ်ချင်း ချီယံက သူ့သူငယ်ချင်းကို နားလည်ပါတယ်။ တာအိုဟာ စိတ်မမှန်ပေမယ့် အရမ်းတော်တာကို သူသိတယ်။ နွေရာသီရဲ့ ရက်တစ်ရက်မှာ တာအိုဟာ ချီယံဆီရောက်လာပြီး သူ့သူငယ်ချင်းရဲ့ လူမနေတဲ့အိမ်မှာ နေခွင့်ပေးဖို့ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနေတဲ့နေရာလေးဟာ သိပ်ကိုကျဉ်းလွန်းပြီး နွေရာသီဖြစ်လို့ ယင်ကောင်တွေလည်းပေါ၊ ပူလည်း ပူလို့ဖြစ်တယ်။
ချီယံရဲ့အိမ်က ပန်းခြံလည်းရှိ သစ်ပင်တွေလည်း အုပ်ဆိုင်းပြီး နေချင်စဖွယ် အေးမြလှတယ်။ ဒါပေမယ့် အဲဒီအိမ်မှာ သရဲခြောက်လို့ ဘယ်သူမှမနေနိုင်ဘူး။ ချီယံကတော့ လူမနေရဲတဲ့အိမ်မှာ သူ့သူငယ်ချင်းကို မနေစေချင်ဘူး။
"တာအို... ခင်ဗျားဟာ ကျုပ်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါဗျာ... ကျုပ်ခင်ဗျားကို အဆုံးရှုံးမခံနိုင်ဘူး... အဲဒီအိမ်မှာနေတဲ့ အိမ်စောင့် သုံးယောက်ရှိပြီ... သေကြတာ ခင်ဗျားလည်း သိရက်နဲ့..."
"ဒါက တိုက်ဆိုင်တာပါ..."
"နှစ်ယောက်လောက် ဆုံးတာကို တိုက်ဆိုင်တာလို့ ပြောလို့ရပေမယ့်... သုံးယောက်တောင်ဆိုတော့ ဘယ်လိုလုပ်မလဲ..."
"ကျနော် နှစ်ပေါင်းသုံးဆယ်အတွင်း တစ္ဆေတစ်ခါမှ မတွေ့ဖူးဘူး... ကျနော်ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာတော့... တစ္ဆေမလေးတွေက သိပ်ချောတယ်လို့ ပြောတယ်..."
တာအိုပြောတဲ့စာအုပ်ကို ချီယံဖတ်ဖူးပါတယ်။ လူနဲ့တစ္ဆေဟာ ဘဝချင်းမတူကြလို့ ဘယ်တော့မှ မတွေ့ကြဘူးလို့ ဆိုထားပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့ မတူညီတဲ့ သတ္တဝါတွေပါပဲ။ တစ္ဆေရှိတယ်ဆိုတဲ့ ယူဆချက်ကလည်း လက်ခံဖို့ ခက်ခဲပါတယ်။ တစ္ဆေဟာ နေ့အချိန်ကို ရှောင်ပြီး လူတွေကိုလည်း ကြောက်ပါတယ်။ တစ္ဆေတွေ့တယ်လို့ ပြောတဲ့သူဟာ စိတ်မမှန်လို့ပဲ။ တချို့လူတွေဟာ တစ္ဆေတွေ့ပြီး ကြောက်လို့သေဆုံးကြတာရှိတယ်။ အခုလိုသေဆုံးတာဟာ တစ္ဆေကြောင့်မဟုတ်ဘဲ ကြောက်စိတ်ကြောင့် သေဆုံးကြတာ။ တချို့လူတွေက တစ္ဆေလှလှလေးတွေတွေ့ပြီး သေဆုံးတာ ရှိပါတယ်။ ဒါကလည်း တစ္ဆေလှလှလေးက ဘာမှမလုပ်တာမဟုတ်ဘဲ ကိုယ့်စိတ် ကိုယ်မနိုင်လို့ သေဆုံးတာ။
YOU ARE READING
ထင်ရှားကျော်ကြား တရုတ်ရိုးရာ ဝတ္ထုတိုများ
Short Storyရိုးရာဝတ္ထုတို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ပါသည်။ Credit to : Original Author