မနက်ခင်းမှာတော့ ဘာမှမဖြစ်ဘူး။ ညလည်းရောက်ရော သူ့အခန်းတံခါးကို ဖြည်းဖြည်းလေးခေါက်သံ ကြားရတယ်။ ဒီတော့သူက
"သရဲမတွေ သွားကြစမ်း…"
လို့ အော်ပြီးမောင်းထုတ်တယ်။"ငါ့ကို မနှောင့်ယှက်ကြပါနဲ့…"
ပြောလိုက်တယ်။ဒါပေမယ့် တံခါးခေါက်မြဲခေါက်၊ ကိုယ်ထင်ပြလိုပြနဲ့ လုပ်နေတယ်။ တာအိုဟာ အိပ်လို့မရတာနဲ့ မီးဖိုချောင်ကိုသွားပြီး စားသောက်စရာ ပြင်ဆင်တယ်။ သူ့အခန်းထဲ ပြန်လာတော့ မိန်းကလေးနှစ်ယောက်ဟာ သူ့စာကြည့်စားပွဲမှာ ရပ်ပြီး သူ့စာအုပ်တွေကို ကြည့်နေတယ်။ သူဝင်လာတာတွေ့တော့ စာအုပ်တွေ စားပွဲပေါ်ပြန်တင်လိုက်တယ်။ ပြီးတော့ ဖုန်တွေသုတ်နေတယ်။ သူ့ကိုလည်း လှမ်းကြည့်နေတယ်။
"ကဲ… မယ်မင်းကြီးမတို့… ငါနဲ့အတူ အဖော်လုပ်ချင်ရင် ထိုင်ကြ… ငါ့မှာလုပ်စရာတွေ အများကြီးရှိတယ်… ဒီအိမ်ကို ငါ့သူငယ်ချင်းဆီက ခွင့်တောင်းပြီး ငါခဏလာနေတာ… ဒီတော့ မင်းတို့က… ကောင်းကောင်းမွန်မွန်လေး နေပေးကြပါ…"
မိန်းကလေးနှစ်ယောက်ဟာ တာအိုပြောတာကို ခေါင်းညိမ့်သဘောတူပြီး ခပ်လှမ်းလှမ်းသွားကာ စကားတိုးတိုးလေး ပြောကြတယ်။ တာအိုစာဖတ်နေတုန်း သူ့ဘေးမှာ တစ်ယောက်ယောက် လာရပ်နေတာ သိလိုက်တယ်။
သူ့ဘေးလာရပ်တာက အကြီးမဖြစ်နေတယ်။ သူက
"ဘာတွေဖတ်နေတာလဲ…" လို့ စပ်စုတယ်။ တာအိုက
"ငါ့ကို… လာမရှုပ်နဲ့…"
လို့ ဒေါသသံနဲ့ ပြောလိုက်တယ်။ အကြီးမက တာအိုကို နားမလည်သလို ကြည့်နေတယ်။ ဒီတော့မှ တာအိုက ပျော့ပျောင်းတဲ့လေသံနဲ့ မနှောင့်ယှက်ဖို့ ပြောလိုက်တယ်။ သူ့စိတ်ထဲမှာ ဒီတစ္ဆေမနှစ်ယောက် ရှိနေတာ အနှောင့်အယှက် မဖြစ်တော့ဘူး။ အငယ်မက သူစာဖတ်နေတုန်း အနောက်ကနေ မျက်စိကို လာပိတ်တယ်။ ဆယ်ကျော်သက်လေးက ဆန့်ကျင်ဘက် အမျိုးသားကို စိတ်ကစားတဲ့ပုံပါပဲ။ တာအိုက သူ့ကို ဖမ်းလိုက်ရင် လေဟာပြင်ကို ဖမ်းရသလို ဖြစ်နေတယ်။တာအိုက
"ကလေးမတို့… မင်းတို့ကို ငါဖမ်းမိရင် သတ်ပစ်မယ်…"
လို့ပြောလိုက်တယ်။ အငယ်မလေးက
VOUS LISEZ
ထင်ရှားကျော်ကြား တရုတ်ရိုးရာ ဝတ္ထုတိုများ
Nouvellesရိုးရာဝတ္ထုတို ကြိုက်နှစ်သက်သူများအတွက် ရည်ရွယ်ပါသည်။ Credit to : Original Author