အပိုင်း (၂)

1.8K 222 0
                                    



လီရှင်းဟာ တစ်နေကုန်အမဲလိုက်ရလို့ ပင်ပန်းလှပြီဖြစ်ပေမယ့် သူ့စိတ်ထဲမှာ ဒီထန်းဆန်းတဲ့ အိမ်ကြီးနဲ့ ဒီမှာနေတဲ့လူတွေအကြောင်းကို မစဉ်းစားဘဲ မနေနိုင်ဘူး။

ညသန်းခေါင်ယံမှာ ဝင်းတံခါးခေါက်သံ ဆူညံစွာ ကြားရတယ်။ မကြာခင် အိမ်ဖော်တွေ တီးတိုးပြောသံတွေ ကြားရတယ်။ အိမ်ဖော်တွေရဲ့ ခြေသံကြားရပြီး တံခါးဖွင့်သံနှင့်အတူ အိမ်ရှင်မရဲ့အသံကို ကြားရတယ်။

"ဘာဖြစ်တာလဲ"

တံခါးစောင့်က

"ဒီစာချွန်ကို ဆက်သားတစ်ယောက် လာပို့ပါတယ်။ အရေးကြီးတယ်လို့ ပြောပါတယ်။ သားတော်ကြီးက ဒီဒေသရဲ့ ၇မိုင်ဝန်းကျင်မှာရှိတဲ့ တောင်တွေပေါ် မိုးရွာရပါမယ်။ မိုးဟာ အာရုဏ်မတက်ခင် ရပ်ရပါမယ်။ နောက်ပြီး မိုးကိုအရမ်းမရွာဖို့လည်း သတိပေးပါတယ်။ သီးနှံတွေ ထိခိုက်မှာ စိုးရိမ်လို့လို့ ပြောပါတယ်…" ပြောတယ်။

အိမ်ရှင်မက

င"ါ ဘာလုပ်ရမလဲ။ ငါ့သားနှစ်ယောက်စလုံးလည်း အိမ်မှာမရှိဘူး။ သူတို့ကို ပြန်ခေါ်ဖို့လည်း မဖြစ်နိုင်ဘူး။ဒီအလုပ်ကို ဘယ်သူ့မှလည်း ခိုင်းလို့ မဖြစ်ဘူး…" လို့ ပြောတယ်။

အိမ်ဖော်မလေးက

"သခင်ရဲ့အိမ်မှာ ရောက်နေတဲ့ ဧည့်သည်ကို ခိုင်းလို့ရတာပဲ။ သူလည်း သန်သန်မာမာနဲ့ အမဲလိုက်မုဆိုးလည်း ဖြစ်တယ်လေ။ မြင်းလည်း ကောင်းကောင်း စီးတတ်တယ်"

ဒါနဲ့ အိမ်ရှင်မဟာ လီရှင်းအခန်းတံခါးကို သွားခေါက်တယ်။ လီရှင်းလည်း ချက်ချင်းထပြီး ကြိုတယ်။ အိမ်ရှင်မက အခုလို အရှည်ကြီး ရှင်းပြတယ်။

"ဒီအိမ်ဟာရိုးရိုးလူတွေနေတဲ့ အိမ်မဟုတ်ပါဘူး။ မင်းတည်းတဲ့ အိမ်ဟာ နတ်မင်းကြီးရဲ့ အိမ်ဖြစ်တယ်။ ခုနကပဲ နတ်ပြည်က မိုးရွာဖို့ အမိန့်ချတယ်။မိုးက အာရုဏ်မတက်ခင် ရွာရမှာ။ ဒါပေမယ့်အိမ်မှာ ယောက်ျားလေးတစ်ယောက်မှ မရှိဘူး။သားကြီးက အရှေ့ပင်လယ်က မင်္ဂလာဆောင်ကို သွားနေတယ်။ ဒေါ်ဒေါ့်သားအငယ်နဲ့ သူ့ညီမလေးကလည်း အဝေးကို ရောက်နေတယ်။ သူတို့က အဝေးကြီး ရောက်နေလို့ အကြောင်းကြားဖို့ မဖြစ်နိုင်ဘူး။မင်း သူတို့ကိုယ်စား ဒီအလုပ်ကို လုပ်ပေးပါလား။ မဟုတ်ရင် သူတို့ကို အပြစ်ပေးတာ ခံရလိမ့်မယ်။"

လီရှင်းဟာ အိမ်ရှင်မစကားကြောင့် အံ့လည်း အံ့သြ၊ မယုံနိုင်အောင် ဖြစ်နေတယ်။ ပြီးတော့ သူက သူ့မှာ တန်ခိုးလည်းမရှိ၊ လုပ်လည်း လုပ်ဖူးတာ မဟုတ်လို့ အားနာတဲ့အကြောင်း ပြောတယ်။

ဒီတော့ အိမ်ရှင်မက

"မင်း တောင်ပေါ်ကို တက်ဖို့ မြင်းတစ်ကောင် ပေးပါ့မယ်။ မင်းရဲ့မြင်းနဲ့တော့ တောင်ပေါ်တက်လို့ မဖြစ်ဘူး။ ဒေါ်ဒေါ်ပြောတဲ့အတိုင်း လုပ်ပါ။ လွယ်လွယ်လေးနဲ့ ရှင်းရှင်းလေးပါ"
လို့ပြောတယ်။

အိမ်ရှင်မဟာ လည်ဆံမွေး အနက်ရောင်ရှိတဲ့ မြင်းတစ်ကောင်ကို သေသေချာချာ မြင်းနှီးကုန်းတွေ တပ်ဆင်ပေးပြီး ယူလာစေတယ်။ပြီးတော့ အဲဒီမြင်းနဲ့အတူ မိုးရွာစေမယ့် တန်ခိုးရှိတဲ့ ရေစင်ထည့်ထားတဲ့ ပုလင်းကို လီရှင်းလက်ထဲ ထည့်တယ်။ ရေစင်ကိုတော့ မြင်းရဲ့ ကုန်းနှီးရှေ့မှာ ချိတ်ထားစေတယ်။

အိမ်ရှင်မက

"ဒီမြင်းဟာ နတ်မြင်း ဖြစ်တယ်။သူ့ရဲ့ဇာတ်ကြိုးကို ကိုင်ရုံ ကိုင်ထားပါ။သူ ဘယ်သွားရမယ်ဆိုတာ သူသိတယ်။ သူ ခရီးသွားနေရာက ရပ်လိုက်လို့ရှိရင် ဒီရေစင်ပုလင်းကို ယူပြီး သူ့ရဲ့ လည်ဆံမွေးပေါ် တစ်စက်ချပေးပါ။ တစ်စက်ထက် ပိုပြီးမချမိအောင် သတိထားပါ" လို့ မှာတယ်။

လီရှင်းဟာ မြင်းပေါ်ကို ခုန်တက်ပြီး ခရီးဆက်ခဲ့တယ်။ မြင်းဟာ သူ့ဘာသာသူ ဖော့ဖော့လေး ခရီးသွားနေတာဖြစ်တယ်။ တဖြည်းဖြည်းနဲ့ မြင်းဟာ တောင်တွေပေါ် တက်သွားတာ နောက်ဆုံးမှာ တိမ်တွေဟာ လီရှင်းရဲ့အောက်မှာ ဖြူဖွေးနေတာ တွေ့ရတယ်။





ထင်ရှားကျော်ကြား တရုတ်ရိုးရာ ဝတ္ထုတိုများDonde viven las historias. Descúbrelo ahora