My Doctor

62 3 0
                                    

Ep 6

At morning, Sehunတို့နားနေခန်းတွင်~~~

Sehunနဲ့Kaiလဲ chanbeakအကြောင်းအကုန်သိပြီးနောက်

Kai:အာ့ကြောင့်မို့ မင်းက ငါနမ်းမိတဲ့လူက ဒေါက်တာBeakလားလို့ မေးတာကိုး။

Kaiရဲ့ အဲ့လိုပြောလိုက်တဲ့စကားကြောင့် Doတယောက်မျက်နှာကြီးနီကာ ခေါင်းငုံ့ထားပါတော့သည်။Kaiလဲ သူ့ဘာသူပြောပြီးမှ ပတ်ဝန်းကျင်ကို သတိရကာ ပါးစပ်အားလက်နဲ့ပိတ်နေလေရဲ့ 😂😂 အာ့နဲ့ Luhanက အခြေအနေကို ပြန်ထိန်းကာ

Lu:အာ့ဆို Chanyeolနဲ့Beakကို ဂုဏ်ပြုတဲ့အနေနဲ့ မုန့်လုပ်စားရအောင်လေ မကောင်းဘူးလား?

Beak:Imm ကောင်းသားပဲ Do ya မုန့်လုပ်ကျွေးနော်😁

Do:Omm ကျွေးရမှာပေါ့ အာ့ဆို လိုအပ်တာလေးတွေ စားမယ့်ဟာလေးတွေကို မင်းတို့က ရှာပေး ချက်ဖို့တာဝန်က ငါ့တာဝန်ထား Ok?

Se,Kai,Chan,Beak,Lu:Ok👌👌

ထို့နောက်တွင်တော့ chanbeakအတွဲက ပုခုံးဖက်ကာထွက်သွားသောအခါ Kaiနဲ့Sehun, Luhanနဲ့Doသာ ကျန်ခဲ့တော့သည်။LuhanကDoနဲ့Kaiကို လှော်ပေးချင်တာကြောင့် Sehunအား ပထုတ်သွားပါတော့သည်။

Lu:Sehun shi, ကျွန်တော်နဲ့ အပြင်ကို ထင်းသွားရှာမယ်မလားဟင် 😉

ထိုအခါမှ Sehunလဲ သဘောပေါက်ကာ Kaiပုခုံးအားပုတ်ကာ

Sehun:Ar nae,သွားတာပေါ့။ Kaiမင်းက ဒေါက်တာDoနားမှာသူလိုအပ်တာလေးလုပ်ပေးလိုက်
ပေါ့ 😂😉

ကျန်ခဲ့တဲ့ ၂ယောက်မှာတော့ ~
Doက Kaiကို နောက်ကျောပေးအနေထားနဲ့ရပ်နေကာ
သူ့ဘာသူ ဘယ်က အစရှာလုပ်ရမှန်းမသိဖြစ်နေပြီး
Kaiကတော့ သူ့ဂုတ်သူပွတ်လိုက် လက်ကိုပွတ်လိုက်နဲ့ဖြစ်နေသည်။ထို့နောက်Kaiကပဲအရင်စပြီး Doအား

Kai:အဟမ်း, ဟို ဒေါက်တာ ကျွန်တော်ဘာလုပ်ပေးရမလဲဟင်?

Kaiအပြောကြောင့် Doလဲ သတိဝင်ကာ

Do:ဟမ် ဟိုဟာ သြော် အရင်ဆုံး မီးမွှေးပေးပါ့လား ကျွန်တော်ဆန်ဆေးလိုက်ဦးမယ်။

Doတယောက်ရှက်ကာ ဆန်ဆေးရန် ထွက်သွားပါတော့သည် 😂😂

Kai pov:[Ashi, စိတ်ဆိုးမပြေသေးဘူးထင်တယ်
စကားတောင် အမြန်ပြောပြီး ချက်ချက်ထွက်သွားတာ]

My DoctorWhere stories live. Discover now