My Doctor

44 2 0
                                    

Ep 41

တီတောင်~~
Messageထပ်ဝင်လာလေသည်။Sehunလည်း မြန်မြန်ဖုန်းကိုဖွင့်လိုက်ကာ စာကိုဖတ်လိုက်သည်။

"ဘယ်လိုလဲ မင်းရင်တွေ တော်တော်ပူနေပြီထင်တယ်။
ဒါက အစပဲရှိသေးတယ် Oh Sehun"

Se:ဟင်!!!

Messageဖတ်ဖတ်ချင်း Sehunမျက်လုံးတို့ပြူးကျယ်
သွားလေသည်။ဒီတခါတော့ Sehun စိုးရိမ်​စိတ်​တွေ တော်တော်တိုးသွားလေသည်။ဘာလို့လဲဆိုတော့ Messageမှာ သူ့နာမည်နဲ့ အတိကျပို့လိုက်တာကြောင့်ဖြစ်လေသည်။Sehunလည်း ချက်ချင်းပင် အဲ့ဖုန်းကိုခေါ်လိုက်လေသည်။

Man:ဟဲလို

ဖုန်းဝင်သွားပြီး တဖက်မှ ပြန်ထူးသံကိုပါ ကြားလိုက်ရသည်။

Se:မင်းဘယ်သူလဲ?ဘာကြောင့် Han့ကို ဖမ်းထားတာလဲ?သူတခုခုဖြစ်ရင် မင်းကိုငါအရှင်မထားဘူး။မင်းလိုချင်တာဘာလဲ?

Man:အိုးဟိုး Oh Sehunရဲ့ ဒေါသတွေတော်တော်ကြီးနေပါလား။မင်းသိချင်ရင် ငါလည်းပြောရတာပေါ့။မင်း လွန်ခဲ့တဲ့ ၄နှစ်တုန်းက လူကုန်ကူးတဲ့ဂိုဏ်းတဂိုဏ်းကို မင်း ဖမ်းဆီးခဲ့တာ မှတ်မိသေးလား?

ထိုသူပြောတော့ Sehunအမြန်ပြန်စဉ်းစားလိုက်သည်။

Se:Hak မှတ်မိတာပေါ့။အဲ့ဂိုဏ်းခေါင်းဆောင်တောင်
အေးဆေးအဖမ်းမခံဘဲပြန်ခုခံလို့ သေသွားတယ်။

Man:အေး အဲ့ဒီသေသွားတဲ့ ဂိုဏ်းခေါင်းဆောင်က ငါ့ရဲ့အမွှာညီပဲ။မင်းသတ်လိုက်တာလေ။မင်းကြောင့်!!!

Se:Borr!!!!သူက မင်းညီ?

Man:ဟုတ်တယ်။အဲ့တုန်းက ငါခံစားခဲ့ရသလို မင်းလည်း အခုပြန်ခံစားရတော့မှာပါ။ဟားဟား
မင်းရဲ့ ချစ်လှစွာသော ဒေါက်တာလေးက ငါ့လက်ထဲမှာ
လေ။ကိုယ်ချစ်တဲ့လူကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ ငါမင်းကိုသိအောင် လုပ်ပေးမယ်။

Se:မင်း မဆိုင်တဲ့လူကို ဆွဲမထည့်နဲ့။ဒီကိစ္စမှာ Hanက
ဘာမှသိတာမဟုတ်ဘူး။မင်း ရှင်းချင်ရင် ငါနဲ့ရှင်းပါ။

My DoctorWhere stories live. Discover now