Ep 23
Sehun Luhanကို မတွေ့မချင်းလိုက်ရှာလိုက်တာ တောကနက်သထက်နက်လာလေတော့သည်။တောနက်လာလေ Sehunစိုးရိမ်စိတ်တို့ကပို၍ကြီးလေ
ဖြစ်နေတော့သည်။ထိုစဉ်~~
ဂျွတ်!!ဂျွတ်!!
သစ်ကိုင်းခြောက်တွေ သစ်ရွက်တွေကို နင်းမိတဲ့အသံ!ခုဆို Sehunပဲရှိနေတော့ အသံက Sehunဆီက ထွက်ရမှာဆိုပေမယ့် Sehunက ရပ်နေတဲ့အတွက် အသံက Sehunဆီကမဟုတ်တာသေချာတယ်။
Sehunလဲ သတိကြီးကြီးထားကာ အသံကို နားစွင့်၍ အသံကြားရာဆီသို့ သွားကြည့်တော့သည်။ထို့နောက်မှာတော့~ဟော!တွေ့ပါပြီ ကျားကြီးတကောင်
ူ့သားကောင်ကိုတွေ့လို့ သားကောင်ဆီသွားနေဟန် တူသည်။Sehunကတော့ သစ်ပင်အကွယ်ကနေသာ အခြေနေကို စောင့်ကြည့်နေသည်။Se pov:ဒီအကောင်ကြီးက ငါ့ကိုတောင် သတိမထားမိပဲ ရှေ့ကိုပဲ မဲပြီးသွားနေတာ ဘာလို့ပါလိမ့်???
Sehunလဲ သိချင်စိတ်နဲ့ သစ်ပင်အကွယ်ကနေရှေ့ထွက်
ကာ စူးစမ်းကြည့်လိုက်တော့ မြင်ရတဲ့ မြင်ကွင်းကြောင့်
အသက်ရှူတွေရပ်ကာ ကမ္ဘာပျက်မတက်ဖြစ်သွားခဲ့ရသည်။Se:Han!
Se pov:[ဟုတ်တယ်Han!ကျွန်တော့်ရဲ့Han!လက်နဲ့ခြေထောက်ကိုပါကြိုးတုပ်ခံထားရတဲ့အပြင် မြေပြင်ပေါ်မှာလဲနေသေးသည်။ဒါ့အပြင် အဲ့တောကောင်ကြီးကလဲ Han့အနားတွင်
နှာတရှုံ့ရှုံ့နဲ့အနံ့ခံကြည့်နေလေသည်။Sehunလဲ အချိန်ဆွဲမနေပဲ ချက်ချင်းပဲ အသံပေးကာ
ထိုတောကောင်ကြီးအား သူဆီအာရုံလွှဲတော့သည်။Se pov:[ထိုကျားကြီးစိတ်တိုသွားသည်ထင့်။ကျွန်တော့်ဆီကို ဦးတည်ကာလာနေလေတော့သည်။ဒါကျွန်တော်ဖြစ်စေချင်တဲ့အတိုင်းပဲလေ။သူကျွန်တော့်ကို ခုန်အုပ်လေပြီ။]
ကျားကြီးSehunကို ခုန်အုပ်လိုက်သောအခါ Sehunလည်း မြေပြင်ပေါ်လဲသွားကာ ကျားကတော့ Sehunအပေါ်တွင်ဖြစ်နေသော်လည်း Sehunက ကျားရဲ့လက်၂ဖက်အား ကိုင်ထားကာ ထိန်းထားလေ သည်။ကျားနဲ့Sehunနပန်းလုံးနေလေပြီ။လုံးထွေးသတ်ပုတ်နေစဉ်မှာပဲ Sehunက
သူ့ခြေထောက်နားမှာ ထည့်ထားတဲ့ ဓားမြှောင်ကို ဆွဲထုတ်ကာ ချက်ကောင်းကို အချက်ပေါင်းများစွာ ထိုးချလေတော့သည်။