My Doctor

55 4 2
                                    

Ep 22

Han ya!!!
Do ya!!!!!

Se:ဟျောင့်Kai!ငါတို့ လူခွဲရှာရအောင်။မင်းက ဒီဘက်သွား။ငါက ဒီဘက်သွားမယ်။

Kai:အေး။သတိနဲ့သွားဦးနော်ငဆယ်။ပြီးတော့ တွေ့ရင် မီးရှူးလွှတ်လိုက်ဦးနော်။

Se:အေး။အာ့ဆို သွားပြီ။

Kaiနဲ့Sehun ဓာတ်မီးကိုယ်ဆီနဲ့ ထွက်သွားကြလေပြီ။

Do:ဟင့် ရွှတ် အီး ငါ့ကို ဘယ်သူမှ လာမရှာကြဘူးလား
မသိဘူး? Luနဲ့ကလည်းလူကွဲသွားသေး။ဖုန်းကလဲပါမလာ။မနက်လင်းရင်တောင် ငါအပေါ်မတက်နိုင်သေးဘူး။သနားစရာပါလားDo Kyung Sooရယ်😭😭😭😭

Doတယောက် စိတ်အားငယ်ပြီး နှာလေးတရှုံ့ရှုံ့နဲ့
တယောက်တည်း ပြောနေတာလေ။အဲ့အချိန်မှာပဲ~~~
ရှပ်ရှပ်!!!!

Do pov:[ဒါ ဘာသံလဲ?]

ရှပ်ရှပ်!!!!

Do:ဟိုက်!!အသံက ငါနဲ့နီးလာသလိုပဲ။ သရဲခြောက်တာလားမသိဘူး?ဒါမှမဟုတ်​ အကောင်တကောင်ကောင်လားမသိဘူး?ဘယ်လိုလုပ်ရမလဲ?ဘာပဲဖြစ်​ဖြစ်​ ငါ့ကိုမတွေ့ပါစေနဲ့။

Doကြောက်လန့်ကာမျက်စိမှတ်ပြီး ချောင်ထဲတိုးနိုင်သမျှ
တိုးကာ ကပ်နေတော့သည်။ထို့နောက်အသံက ရပ်သွားသောကြောင့် ကြောက်နေသော်ငြားလဲ သိချင်စိတ်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့~~

Do:ဟင် Kim Kai!
[DO သူတယောက်တည်းကြားရုံသာ ရေရွတ်တာနော်]

Kaiကတော့ Doရောက်နေတဲ့ သူ့ရှေ့က တွင်းကိုမကြည့်မိပဲ ဘေးဘီဝဲယာကို ဓာတ်မီးဖြင့်ထိုးကာ
ကြည့်နေလေသည်။မတွေ့တဲ့အတွက် လှည့်ထွက်မယ်အလုပ် သူ့လက်ကကိုင်ထားတဲ့ ဓာတ်မီးရောင်ဖြတ်ပြေးသွားတော့ အရိပ်လေးတခုကို မြင်လိုက်ရသည်။ထို့နောက်Kaiလဲ လျင်မြန်စွာပင် နောက်လှည့်ကာ အောက်ကို ငုံ့ကြည့်လိုက်တော့~~
Kaiရဲ့ဓာတ်မီးရောင်က Doရဲ့ရင်ဘတ်ပေါ် ရောက်နေပြီိး Doကတော့ Kaiကိုသာကြည့်နေလေရဲ့။

Do:Kim Ka-

ဗုတ်!!

Doစကားတောင်မဆုံးလိုက် Kaiက Doရှိနေတဲ့ တွင်းထဲရောက်နေလေပြီ။Doကတော့ မျက်လုံးအပြူးသားလေးနဲ့ကြည့်နေလေသည်။

My DoctorWhere stories live. Discover now