Ep 17
Sehun စိတ်သိပ်မလန်းတာနဲ့ စခန်းနဲ့နည်းနည်း လှမ်းရာနေရာကို လမ်းလျှောက်ထွက်လာစဉ်
သူ့ကိုကျောပေးကာ ရပ်နေသည့် ဖြူလွလွကောင်လေး
တယောက်ကို တွေ့လေသည်။Sehunသိတာပေါ့
အဲ့ဒါဘယ်သူလဲဆိုတာ😊။Sehun အဲ့ အဖြူကောင်လေးကိုအတန်ကြာငေးကြည့်နေလေသည်။Se pov:[Han, မင်းကိုအော်မိတဲ့ကိုယ့်ကို မုန်းနေပြီမဟုတ်လား?မင်းသိလားHan?
တိုက်ပွဲများစွာကို သတ္တိရှိရှိတိုက်လာတဲ့ကိုယ်က မင်းမုန်းမှာကိုတော့ ကိုယ်သေမလောက် ကြောက်တယ်။ ကိုယ်လေမင်းနဲ့ အဆင်မပြေဖြစ်ခဲ့တယ် အဲ့နေ့ကို မုန်းတယ်Han။ခုထိမင်းကိုမပြောရသေးတဲ့ ကိုယ့်ရင်ထဲကစကားကို ဖွင့်ပြောလိုက်ရင် မင်းကိုယ့်ကို လက်ခံမလားဟင်?Saranghae Han❤❤]Lu pov:[Sehun ya, မင်း Nar Heeကို စိုးရိမ်သလို ငါလဲ စိုးရိမ်ခံချင်တာပေါ့ကွာ။ Nar Hee နာကျင်သလိုငါလဲနာကျင်ရတာပဲလေကွာ။ မင်းသိလား?Nar Heeပြောတဲ့စကားတွေက မှန်နေတာသိရဲ့နဲ့ ငါဇွတ်ငြင်းပြီး သူ့ကို အနိုင်ပြောခဲ့တာ မင်းရောက်လာတော့လဲ မင်းကငါ့ကို စကားတောင်ဆုံးအောင် ပြောခွင့်မပေးခဲ့ဘူး။ရီစရာ
တခုရှိသေးတယ်သိလား?~Nar Hee ပေးတဲ့ လက်က ဒဏ်ရာထက် ဒီနားလေးက'💔´ ပိုနာတယ် Sehun]Lu:Ashi!ကျလာပြီ ဒီဟာတွေကလဲ။
Luhan ပါးပေါ်မှာ ကျနေတဲ့ မျက်ရည်တွေကို သုတ်လိုက်ကာ ပြန်တော့မယ်အပြု Sehunအား တွေ့လေသည်။Sehunလဲ သူကြည့်နေတာ Luhan
သိမည်စိုးတာနဲ့ ခုမှ ရောက်လာတဲ့ပုံစံနဲ့ Luhanရှိတဲ့နေရာထိသွားကာ~~Se:ညနေတောင်စောင်းနေပြီ။ဒီထက်မှောင်သွားရင်
ဒီနေရာက နေလို့မကောင်းဘူး ဒေါက်တာLuhan။Lu:Nae,ကျွန်တော်လဲ ခုပဲပြန်တော့မလို့ပါ။သွားလိုက်ပါဦးမယ်။ ခွင့်ပြုပါဦး Sehun shi.☺
Se:ခန ခနနေပါဦး။
Lu:အ!!
Sehunက သူ့နားက ထွက်သွားတဲ့ Luhanရဲ့ ဒဏ်ရာရှိတဲ့လက်မောင်းကိုကိုင်လိုက်မိတာကြောင့် Lahanအော်လိုက်တာပါ။
Se:Miyan,ကျွန်တော်••ဟင်!!ဒါက ဒါက ဘာတွေလဲ?သွေး သွေးတွေမလား?
Luhanဝတ်ထားတဲ့ အပေါ်ဝတ်အင်္ကျီလက်ရှည်ကို စွန်းသွားတဲ့ နီရဲရဲအရာကြောင့် Sehunမေးလိုက်တာပါ။
Sehunလက်ကိုလဲ သွေးတွေပါလာပါသေးတယ်။