My Doctor

58 4 0
                                    

Ep 42

ခလွမ်း!!

အန်ဒုံဟိုတယောက် မှန်ကာထားတဲ့ဧည့်ခန်းဘက်ကို ကျသွားလေသည်။အန်ဒုံဟို ဧည့်ခန်းဘက် ရောက်သွားတော့ Sehunရင်ထဲ ဒိုင်းခနဲ့ဖြစ်သွားပြီး သူ့စိတ်ထဲ တလိုက်မိတဲ့အမည်နာမလေးတခုက~~

Se's pov:[Han!!!]

မှန်ကွဲစတွေကြောင့် အထိနာနေသော်လည်း အန်ဒုံဟို
ပြုံးလိုက်လေသည်။အကြောင်းမှာ သူကျသွားတဲ့
ဲ့နေရာက Luhanရှိနေတဲ့နေရာကို ရောက်သွားတာ
လေ။Luhanကတော့ ကြိုးနဲ့အတုပ်ခံရတာရော Gasတွေနဲ့ နေခဲ့ရတဲ့ဒဏ်ကြောင့် နေရာကပင်ရွှေ့ဖို့ကို အားကမရှိ။ထို့နောက်အန်ဒုံဟိုသည် သူ့အင်္ကျီကြားထဲက ဓားပုံသဏ္ဌာန်ကဲ့သို့ ခပ်ရှည်ရှည်ရှိတဲ့ ချွန်ထက်နေတဲ့
လက်နက်တခုကိုထုတ်လိုက်ကာ Luhanဘက်ကို လက်ရွယ်နေတုန်း~~

Se:Ah!!!

ဧည့်ခန်းအပြင်မှာရှိနေတဲ့Sehunက အန်ဒုံဟိုကြောင့်
ကွဲသွားတဲ့ မှန်ကာထားတဲ့အပေါက်ကနေ ဒိုင်ဗင်ထိုးဝင်
လိုက်တာကြောင့် Sehunက Luhanနဲ့အန်ဒုံဟိုကြား
ရောက်သွားပြီး အန်ဒုံဟိုထိုးလိုက်တဲ့လက်နက်ကလည်း
Luhanကို မထိဘဲ Sehunရဲ့ ရင်ဘတ်ကို ထိုးမိသွား
လေသည်။

Lu:Hun ya!!

ထို့နောက်ချက်ချင်းပဲ အန်ဒုံဟိုက Luhanကို ဧည့်ခန်းအပြင်ကို ဆွဲခေါ်လာပြီး သူ့သေနတ်ကိုပြန်ကောက်ကာ Luhanကို ထောက်ထား
လေသည်။Sehunလည်း ရင်ဘက်ကသူ့ဒဏ်ရာကို လစ်လျူရှုကာ လိုက်လာလေသည်။

Man:Oh Sehun!!!နောက်ဆုံးရလဒ်က ငါအနိုင်ပဲ။
ဟားဟား~~သူ့ကို အသေခံမလား?မင်းအသေခံမလား?ဟားဟား~~ပွဲက အခုမှကြည့်ကောင်းတာ။

အန်ဒုံဟိုအနေနဲ့ Sehunကို နိုင်ဖို့ရာအတွက် တခုတည်းသော လက်နက်က Luhanလေ။သူဧည့်ခန်းဘက်ကျသွားတာကိုက သူ့အတွက် ကောင်းသွားတယ်လို့ ဆိုနိုင်သည်။ သူ့ဒဏ်ရာအခြေအနေနဲ့ Sehunကို တိုက်ခိုက်လို့မနိုင်
တာကြောင့် Luhanနဲ့ခြိမ်းခြောက်တာက အကောင်းဆုံးဖြစ်နေလေသည်။

Lu:Hun ya,မလုပ်​နဲ့ 

Luhan Sehunဆုံးဖြတ်ချက်ကို သိတာကြောင့် ခေါင်းရမ်းကာ တားလေသည်။

My DoctorWhere stories live. Discover now