Part 1

163 5 1
                                    

ရွှေရောင်လွှမ်းသောနေ့သစ်ဆီ💖
..................
အပိုင်း(၁)
...........     သာယာလှပသော နေရောင်ခြည် ကိုမျက်နှာမူ၍တည်ဆောက်ထားသောနန်းတော်ကြီးတစ်ခု 

ထိုနန်းတော်ကြီးထဲတွင် တင်သွင်းလာသမျှအဆိုပြုလွှာ
များ ကိုဖတ်ရင်းအလုပ်ရှုပ်နေသောသူတစ်ဦးရှိပါသည်။ထိုသူကားတိုင်းပြည်၏ကိစ္စအဝဝကိုထမ်းရွက်ထားရသောမင်းကြီး(Kim Hyun Joong)ဖြစ်သည်။

"မောင်တော်"

  ကြည်လင်ချိုသာ
သောအသံဖြင့်ခေါ်လိုက်သောကြောင့်
မင်းကြီးစာဖတ်နေရာမှခေါင်းထောင်ကြည့်လိုက်သည်။ကြက်ပေါင်းရည်ကိုကိုင်ရင်းနောက်လိုက်များနှင့်အတူစာကြည့်ဆောင်ကိုဝင်ရောက်လာသူကမိဖုရားခေါင်ကြီး လီယွန်ဒါ ပင်ဖြစ်သည်။
ကြက်ပေါင်းရည်ထည့်လာသောအုပ်ကိုစားပွဲပေါ်အသာတင်ရင်း မင်းကြီးရှေ့
ကထိုင်ခုံပေါ်ကိုဝင်ထိုင်ကာမင်းကြီးကိုအရိုအသေပြုလိုက်သည်။

"ဟော မိဖုရားလီ ဘာလာလုပ်တာလဲ ​မောင်တော်ဒါတွေမလိုအပ်ပါဘူး မိဖုရားသက်သက်မဲ့ ပင်ပန်းအောင်လို့"

စာကြည့်နေရာမှ ထလာကာ မိဖုရားလီ
လက်ကိုအသာဆုပ်ကိုင်ရင်းပြောလိုက်ခြင်းဖြစ်သည်။

"မောင်တော်ကတိုင်းပြည်ကိစ္စတွေနဲ့ရှုပ်နေတာ ကျွန်မဒီအတိုင်းဘယ်နေစိမ့်ပါ့မလဲ ​မောင်​​တော်​ရယ်​တစ်တပ်တစ်အားဘေးကနေပါဝင်ရမှာပေါ့ မောင်တော်ဘာအကြောင်းကြည့်နေတာလဲပြောပြလို့ရမလားဟင် အပန်းမကြီးဘူးဆိုရင်
ပေါ့"

"အင်း ဒီနှစ်က ကိစ္စအထွေအထူးရယ်လို့တော့မရှိဘူး ဒါပေမဲ့....​မောင်တော်ကနန်းတွင်းထဲမှာသာနေရတဲ့သူလေ

မောင်တော့်လက်အောက်ကလူတွေကမောင်တော့်ရဲ့မျက်စိတွေနားတွေဖြစ်ပေးရမှာ.... ဒါပေမဲ့ အဲဒီမောင်တော့်ရဲ့မျက်
စိတွေနားတွေက  ​မောင်တော့်ကို မြင်ရင်မြင်ရသလို
ကြားရင်ကြားရသလိုပြန်မပြောကြရင်မောင်တော့်အနေနဲ့ အကန်းနဲ့ဘာထူးတော့မှာလဲ
အဲဒါကြောင့်စဉ်းစားမိတယ် နန်းတော်အပြင်တစ်ခါလောက်ထွက်ဖို့ပေါ့ "    

"အို....ကျွန်မစိတ်မချပါဘူးမောင်တော်ရယ် နန်းတော်အပြင်ဆိုတာက လူဆိုးမှန်းမသိ လူကောင်းမှန်းမ
သိနဲ့.. နောက်ပြီးမောင်တော်နန်းတွင်းမှာမရှိရင် ဘယ်လိုလုပ်မလဲ"

ရွှေ​ရောင်​လွှမ်း​သော​နေ့သစ်​ဆီ Where stories live. Discover now