အပိုင်း ၂
"ဦးရီးတော်လေး မွန်းသခင်မလေးအခစားဝင်ပါတယ်"ဘေးကသက်တော်စောင့် မှတီးတိုးပြောလိုက်သောစကားကြောင့် Young Saengပြုံးလိုက်မိသည်။မွန်းမီယွန်း(Win Mon)
ဆိုတဲ့မွန်းသခင်မလေးကသူ့ကိုဘယ်တုန်းကမှဦးရီးတော်လေးလို့သတ်မှတ်ထားသူမဟုတ် ....
ငယ်စဉ်ကတည်းက အတူသွားအတူစားမို့သံယောဇဉ်ကြီးသလို သူ့အဖေဖြစ်သောမွန်းအမတ်ကြီးကလည်း အကိုတော် Hyun Joong အားထားရသောအကြံပေးအမတ်ကြီးမို့ နန်းတော်ထဲတွင် မွန်းမီယွန်းအနေဖြင့်ဝင်ထွက်သွားလာခွင့်ရနေခြင်းဖြစ်သည်။
"ကဲ ဆိုပါအုံးသခင်မလေး ဟိုနေ့ကပဲမြင်းတစ်ကောင်ကြိုက်တယ်ဆိုလို့ဝယ်ပေးပြီးပြီ ဒီတစ်ခါကရောဘာလိုချင်လို့လဲ"Young Saeng၏စကားကြောင့်မီယွန်းတစ်ယောက်Young
Saengကိုမျက်စောင်းထိုးလိုက်သည်။တမင်ပြောနေမှန်းကိုလည်းသူသိသည်။"ဘာမှလုပ်စရာမရှိလဲ နင့်ဆီကိုငါလာလို့မရဘူးလား တကယ်ပဲ နှင်ထုတ်နေတော့တာပဲ "
"အင်းလေ အကိုမရှိလို့အလုပ်ရှုပ်နေပါတယ်ဆို နင်ကလာတာကိုး ငါနဲ့နင်ကငယ်ငယ်လေးတည်းကစကားတွေပြောလာတာ ပြောစရာစကားလည်းကုန်နေပြီလေ မိဖုရားလီ ဆီသွားတာမှ စကားပြောဖော်ရအုံးမယ် "
Young Saeng၏စကားကြောင့်မီယွန်းတစ်ယောက်ဘာပြောရမှန်းမသိအောင်ဖြစ်သွားသည်။Young Saengအကျင့်က စကားကိုမလိုအပ်ပဲမပြောတတ်.... သူပြောလိုက်လျှင်လည်း ဘေးလူကိုအားနာတတ်သူမဟုတ်ပေ။
မီယွန်းစကားဆက်မပြောတော့ပဲ နန်းဆောင်ထဲမှထွက်လာခဲ့သည်။စိတ်ထဲမှလဲ ဗျစ်တောက်ဗျစ်တောက် ပြောလာမိသည်။တကယ်ဆိုသူမ မျှော်လင့်ခဲ့တာကြာခဲ့ပြီ သို့သော်လည်း Young Saengဆိုသောရေခဲတုံးကြီးကတုပ်တုပ်တောင်မလှုပ် သူ့မှာခံစားတတ်သောအသည်းနှလုံးရှိသေးလားဟုပင်မေးပစ်လိုက်ချင်သည်။
"မီယွန်း ဦးရီးတော်လေး နဲ့ရန်ဖြစ်လာပြန်ပြီလား "မိဖုရားလီ၏အမေးကိုမီယွန်းခေါင်းငြိမ့်ပြလိုက်သည်။
မိဖုရားလီ နှင့်မီယွန်းကလည်းညီအမတွေလိုချစ်ခင်ကြပါသည်။

أنت تقرأ
ရွှေရောင်လွှမ်းသောနေ့သစ်ဆီ
أدب الهواةIdol များနှင့် ထာဝရ ပရိတ်သတ် တို့ကြား အမှတ်တရတစ်ခုအနေဖြင့် ရေးသားထားသော ရွှေရောင်မှတ်တမ်းတခု 📒 ရေးသားသူ @Shicho ဖြစ်ပါတယ်