ရွှေရောင်လွှမ်းသောနေ့သစ်ဆီ💖💖
SS501 Fanfic
...........................
အပိုင်း ၇💖💖" ဂျီဟွန်း" ရေ ဦးရီးတော်လေးခဏနေရင်လာတော့မယ် အခါးရည်
ပြင်ထားနော်""ဟုတ်ကဲ့ပါ ဖေဖေ ဒါနဲ့ ဦးရီးတော်လေးကဘာလုပ်ဖို့လာမှာလဲဟင်"
" နောက်နှစ်ရက်မှာကျင်းပမဲ့သူ့မင်္ဂလာပွဲ အတွက်ဖိတ်စာလာပို့မယ်ပြောတယ် ဖေဖေတို့အိမ်ကိုလည်း မရောက်တာကြာလို့သူကိုယ်တိုင်လာမယ်ပြောတယ်။ "
ဂျောင်းအမတ်ကြီးပြောသလိုပင်ခဏ
အကြာတွင် Young Saeng တစ်ယောက်ဂျောင်းအိမ်တော်သို့ရောက်ရှိလာခဲ့ပါသည်။"ကြွပါ ဦးရီးတော်လေး ဒါက "ဂျီဟွန်း" ကိုယ်တိုင်လုပ်ထားတဲ့ ချယ်ရီ ပန်း အခါးရည်ပါ ။ သုံးဆောင်ပါဦး"
ဂျောင်းအမတ်ကြီးကအခါးရည်ယူလာသော " ဂျီဟွန်း"ကိုပါ Young Saeng နဲ့ မိတ်ဆက်ပေးလိုက်သည်။
"မတွေ့ရတာကြာပြီနော်" ဂျီဟွန်း"အလုပ်တွေအရမ်းရှုပ်နေတာနဲ့ နန်းတော်ကနေကိုမထွက်ဖြစ်တာအတော်ကြာနေပြီပဲ"
" ဟုတ်ကဲ့ နေကောင်းပါတယ် ဦးရီးတော်လေး ဖေဖေကတော့ ဦးရီးတော်လေးအကြောင်းကိုအမြဲပြောပါတယ်မင်းကြီးအတွက်အရမ်းအားကိုးရတဲ့သူဆိုပြီးတော့ပေါ့"
" ဟင်း... ဘယ်ရမလဲ " ဂျီယောင်း"ကိုဒီလိုလာမယှဉ်နဲ့လေ မိန်းကလေးဆိုပြီး ဒီလိုအထင်သေးလို့ရမယ်ထင်နေလား ဘာမှတ်နေလဲ အမယ်လေး မောလိုက်တာ"
"ဟဲ့ ဂျီယောင်း အဲဒါဦးရီးတော်လေးရဲ့ အခါးရည် ပန်းကန်လေ အော် ဒုက္ခပါပဲ ဒီကလေးမ နဲ့တော့"
"ဂျီဟွန်း" တို့သုံးယောက်စကားပြောနေခိုက်တွင် " ဂျီယောင်း" တစ်ယောက်အခန်းအတွင်းသို့ သူ့ဝသီအတိုင်း နမော်နမဲ့ ဝင်လာ ကာ Young Saeng ထိုင်နေသည်ကိုသတိမထားမိပဲ ရေဆာသောကြောင့် မျက်စိရှေ့တွင်
တွေ့ရသော အခါးရည် ပန်းကန်ကိုကောက်မော့လိုက်ခြင်းပင်။" အဲ......"
" ဂျီဟွန်း" ၏အော်သံကြားမှ" ဂျီယောင်း" အခါးရည်ပန်းကန်ကိုချကာသူ့ရပ်နေသည့်ဘေးမှာထိုင်နေသောYoung Saeng ကိုသေချာကြည့်လိုက်မိလေသော အခါ ......

أنت تقرأ
ရွှေရောင်လွှမ်းသောနေ့သစ်ဆီ
أدب الهواةIdol များနှင့် ထာဝရ ပရိတ်သတ် တို့ကြား အမှတ်တရတစ်ခုအနေဖြင့် ရေးသားထားသော ရွှေရောင်မှတ်တမ်းတခု 📒 ရေးသားသူ @Shicho ဖြစ်ပါတယ်