ရွှေရောင်လွှမ်းသောနေ့သစ်ဆီ 💝
..................
အပိုင်း ၃" ခူထာအီ"အဖွဲ့ခေါင်းဆောင်က သူဖြစ်နေလိမ့်ယ်ဟုဆုအာထင်မထားခဲ့ပါချေ။ ယခုအချိန်တွင်ဆုအာ
ခေါင်းထဲရောက်လာသည်ကသားမွေးထည်ပြသနာပင်ဖြစ်ပါသည်။အလုပ်ကိစ္စခေါင်းထဲရောက်လာသည်နှင့်ဆုအာပုံစံကရင့်ကျက်တည်ငြိမ်သောအသွင်ကိုဆောင်သွားသည်။
"ကျွန်မကအိုဆုအာပါ ရောင်းထားဘားကုန်အဖွဲ့လက်ထောက်ဖြစ်သလိုအဖွဲ့မှူးရဲ့သမီးပါ"
"မိန်းကလေးကလက်စသတ်တော့ရောင်းထားဘားကုန်အဖွဲ့က ကိုး အဲဒါကြောင့်မင်းပုံစံကသာမာန်
မဟုတ်တာကိုငါသတိထားမိတာပဲ""ရှင်ကကျွန်မတို့အဖွဲ့ကိုသိတယ်လို့ဆိုလိုတာလား"
"ဒီနိုင်ငံတစ်ခုလုံးရဲ့ ကုန်သွယ်မှုကိုချုပ်ကိုင်ထားတဲ့မင်းတို့အဖွဲ့ကိုမှမသိရင်ငါအရောင်းအဝယ်လုပ်မစားတော့ဘူး"
"ကောင်းပြီလေကျွန်မရှင်းရှင်းပဲမေးမယ် ရှင်ဘာလို့ချင်နိုင်ငံကတင်သွင်းလာတဲ့သားမွေးထည်ကို ကျွန်မတို့သတ်မှတ်ထားတဲ့ဈေးထက် ထက်ဝက်တောင်လျှော့ပြီးယူနေရတာလဲ"
ဆုအာကသိချင်တာကိုပွင့်ပွင့်လင်းလင်းမေးတတ်သူဖြစ်သည်။ဖခင်၏သင်ကြားပြသပေးမှုအောက်တွင်ယောကျာင်္းဆန်စွာကြီးပြင်းလာရသည့်အပြင် ကုန်အဖွဲ့ကိုဆက်ခံရမည့်သူမို့ သာမာန်မိန်းကလေးများနှင့်မတူသည်ကတော့အမှန်ပင်ဖြစ်သည်။
ဆုအာအမေးကို Jung Minကခေါင်းခါပြလိုက်ရင်း
"ဒီမေးခွန်းရဲ့အဖြေကထင်သလောက်မခက်ပါဘူး....ဒါပေမယ့် မင်းစဉ်းစားနိုင်လိမ့်မယ်လို့ငါမထင်ဘူး ....ဘာလို့လဲဆိုတော့ဒီမေးခွန်းရဲ့အဖြေကမင်းရဲ့လေ့လာမှုနဲ့မဆိုင်ပဲမင်းနေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တယ်ဆိုရင်ပိုမှန်လိမ့်မယ်"
Jung Minတစ်ယောက်ပြောရင်း ဆုအာ မျက်လုံးများကိုသေချာကြည့်လိုက်လေသည်။ထို့နောက်"ရေစက်ဆိုတာသူ့အလိုလိုဖြစ်လာတာတဲ့ မင်းနဲ့ငါနဲ့ကလဲရေစက်ရှိလို့တွေ့ကြရတာဆိုတော့ ငါတို့နှစ်ယောက်ထပ်တွေ့အုံးမယ်လို့ငါထင်တယ်............
အကယ်၍ ငါတို့ထပ်တွေ့ဖြစ်ကြရင် မင်းသိချင်တဲ့အဖြေကို ငါပြောပြမယ် အခုတော့ငါ့ကိုသွားခွင့်ပြုအုံး"
လျှင်မြန်စွာထွက်သွားသောသူ့ကျောပြင်ကိုကြည့်ရင်း ဆုအာ တစ်ယောက်တည်းပြုံးလိုက်မိလေသည်။
.................... 💖..................💖..................
Hyun Joongတစ်ယောက်နန်းတော်မှထွက်လာခဲ့သည်မှာအတော်ပင်ကြာပြီဖြစ်သည်။လူယုံဖြစ်သူ မင်းယု နှင့်အတူဒီတစ်ခေါက်တော့
ယောင်းဂျု မြို့ကိုသွားရောက်ဖို့ ဆုံးဖြတ်ထားလေသည်။ ခရီးရှည်ဆက်ရမည်မို့ မြင်းများမောပန်းမည်စိုးသဖြင့် နှစ်ဦးသား ဖြည်းဖြည်းမှန်မှန်သာ စီးလာခိုက်တွင်

VOUS LISEZ
ရွှေရောင်လွှမ်းသောနေ့သစ်ဆီ
FanfictionIdol များနှင့် ထာဝရ ပရိတ်သတ် တို့ကြား အမှတ်တရတစ်ခုအနေဖြင့် ရေးသားထားသော ရွှေရောင်မှတ်တမ်းတခု 📒 ရေးသားသူ @Shicho ဖြစ်ပါတယ်