Part 11

1 0 0
                                    


ရွှေရောင်လွှမ်းသောနေ့သစ်ဆီ 💖💖
SS501 Fanfic
.................
အပိုင်း ၁၁

"ဖြန်း"

"သစ္စာတရား ဟုတ်လား?  မင်းလိုအဆင့်မရှိတဲ့မိန်းမကသစ္စာ တရားဆိုတဲ့စကားကိုပြောစရာအကြောင်းမရှိဘူး"

ထူပူသွားတဲ့ပါးပြင်ကို လက်ဖြင့်အသာအုပ်ရင်း "အင်ယောင်း" မျက်ရည်​​သာတွင်တွင်ကျနေမိတယ်.... ......

  ရိုက်ပြီးထွက်သွားတဲ့လူရဲ့ကျောပြင်ကိုကြည့်ရင်းသူမဝမ်းနည်စွာရှိုက်ငိုလိုက်မိတယ်။

သူမလိုဂေဟာကမိန်းကလေးတစ်ယောက်ဆီမှာသစ္စာတရားဆိုတာ မရှိရဘူးတဲ့လား။ ဒီနေရာမှာဒီလိုမျိုးတွေကြုံတွေ့ရတိုင်း"အကမယ်" ပဲလုပ်ရမှာပါဆိုတဲ့မေမေကြီးစကားကိုယုံမိတဲ့ သူမ ကိုယ်သူမ သတ်ပစ်
ချင်လောက်မုန်းမိသည်။

ဘယ်တော့လာရှာမလဲမသိတဲ့ Hyung  Jun ကိုမျှော်သည်ကလည်းအကြိမ်ကြိမ်ပင်။ ဂေဟာကိုလာသည့် ဧည့်သည် မှန်သမျှကသူမကိုသဘောကျသည်။ သူမ
ကဧည့်သည်တိုင်းကို အရက်ငှဲ့ပေးရုံကလွဲ၍ အသားပင် အထိမခံခဲ့။

ထိုသ်ို့လုပ်တိုင်းလည်းအပြစ်ပေးခံရသည်။
သို့သော် သူမ မမှုပါ ။

Hyung Junလာရှာမည့်ရက်ကိုသာ အားတင်းရင်း
မျှော်ရသည်။သေချာပေါက်လာရှာမည်ဟူ၍လည်းသူမယုံကြည်နေသည်။ဘယ်သူတွေဘာပြောပြောထိုယုံကြည်မှုလေးနှင့်သာ သူမ အသက်ဆက်ရှင်
ချင်ပါသည်။

....................

        "မင်းကြီးရဲ့မျှော်လင့်ချက်ကိုမင်းဖြည့်ဆည်းပေးလိုက်​နိုင်ပြီ Hyung Junငါမင်းအတွက်ဂုဏ်ယူပါတယ်"

       ဦးရီးတော်လေး ၏ဆင့်ခေါ်မှုကြောင့် နန်းဆောင်အတွင်းသို့ရောက်ရှိလာသော Hyung Jun တစ်ယောက်   ဦးရီးတော်လေး၏စကားကြောင့် အံ့သြ သွားရသည်။ မွန်းအကြံပေးလည်းရှိနေသောကြောင့် သူပိုပြီးအံ့သြမိခြင်းဖြစ်သည်။

         "မင်းရဲ့အဖြေစာရွက်ကို ငါရောဦးရီးတော်လေး ရောအခေါက်ခေါက်အခါခါ စစ်ဆေးခဲ့ပြီးပြီ အမှားဆိုတာတောင်ရှာမတွေ့ခဲ့ဘူး....  ဒီတစ်ခါ စာမေးပွဲမှာ အမှတ်အများဆုံးလူဟာ မင်းပဲဖြစ်လိမ့်မယ်"

You've reached the end of published parts.

⏰ Last updated: Aug 30, 2024 ⏰

Add this story to your Library to get notified about new parts!

ရွှေ​ရောင်​လွှမ်း​သော​နေ့သစ်​ဆီ Where stories live. Discover now