ရွှေရောင်လွှမ်းသောနေ့သစ်ဆီ💝💖
SS501 fanfic
......................
အပိုင်း ၎
"မိဖုရားလီ ဦးရီးတော်လေး ဆီသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ"အထိန်းတော်၏စကားကြောင့်မိဖုရားလီ နန်းဆောင်အတွင်းမှထွက်လာခဲ့သည်။
"အဲဒီကြီးကြပ်ရေးမှူးကအဲလောက်တောင်တော်တာလား""အင်း ပြောသံကြားတာကတော့ငယ်ငယ်လေးကတည်းကဆေးပညာကို လေ့လာခဲ့တာဆိုပဲ နောက်ပြီးအဆိပ်နဲ့ပတ်သတ်လာရင်လည်းဘယ်သူမှသူ့ကိုလိုက်မမီဘူးတဲ့"
မိဖုရားလီ လာနေသည်ကိုမသိပဲနန်းတွင်းအစေခံနှစ်ယောက်တွတ်ထိုးနေရာမှမိဖုရားလီကို တွေ့လိုက်ရသဖြင့်ကိုယ်ရှိန်သတ်သွားကြသည်။
"မိဖုရား ကိုဂါရဝပြုပါတယ်"
"ထပါ ဒါနဲ့မင်းတို့နှစ်ယောက်စောစောကဘယ်သူ့အကြောင်းကိုပြောနေကြတာလဲ""ဟို...ကျွန်တော်မျိုးမတို့ဆေးနန်းဆောင်ရဲ့ကြီးကြပ်ရေးမှူး ယွန်းနာဘင် အကြောင်းကိုပြောနေကြတာပါ"
"သူကမင်းတို့ပြောသလိုမျိုးတကယ်ပဲတော်ရဲ့လား"
"မှန်ပါမိဖုရားလီ သူကဆေးပညာမှာကျွမ်းကျင်သလို အဆိပ်နဲ့ပတ်သတ်ရင်လည်းတစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်တယ်လို့ပြောပါတယ်"
"ကဲ မင်းတို့သွားလို့ရပြီ"
"အထိန်းတော်ကြီး နန်းဆောင်ကိုပြန်မယ်""ဦးရီးတော်လေး ဆီမသွားတော့ဘူးလား မယ်မယ်"
"မသွားတော့ဘူး ကျွန်မမှာလုပ်စရာရှိသွားပြီ အထိန်းတော် ကြီး ဆေးနန်းဆောင်က ယွန်းနာဘင် ကိုအခေါ်လွှတ်လိုက်ပါ"
💉💊💉💊💉💊💉💊💉💊💉💊💉
"မယ်မယ် ယွန်းနာဘင် ရောက်လာပါပြီ"
" ယွန်းနာဘင် မယ်မယ့်ကိုဂါရဝပြုပါတယ်""ထပါ မင်းကိုဆင့်ခေါ်လိုက်ရတာ အကူအညီတစ်ခုတောင်းစရာရှိလို့ပဲ......မင်းငါ့ကိုကူညီပေးနိုင်မယ်ထင်ပါတယ်"
"ပြောပါမယ်မယ် ကျွန်မ အတတ်နိုင်ဆုံးကူညီပါ့မယ်"
"နန်းတွင်းလိုနေရာမျိုးဆိုတာက သားရဲတွင်းလိုပဲ မင်းသိမယ်ထင်ပါတယ်.... ရန်သူတွေပတ်လည်ဝိုင်းနေတဲ့နေရာမျိုးမှာနေရတဲ့မောင်တော်မင်းကြီးကိုငါစိတ်ပူတယ်..ဦးရီးတော်လေးလဲ အပါအဝင်ပေါ့ ငါဖြစ်စေချင်တာက မင်းအနေနဲ့ ငါတို့အနားမှာခစားပြီးမင်းကြီးနဲ့ဦးရီးတော်လေးဆီ ဆက်သလာမယ့်အစားအစာတွေကို ကြည့်ရှုပေးဖို့ပါပဲ မင်းလုပ်နိုင်တယ်မဟုတ်လား"

ESTÁS LEYENDO
ရွှေရောင်လွှမ်းသောနေ့သစ်ဆီ
FanficIdol များနှင့် ထာဝရ ပရိတ်သတ် တို့ကြား အမှတ်တရတစ်ခုအနေဖြင့် ရေးသားထားသော ရွှေရောင်မှတ်တမ်းတခု 📒 ရေးသားသူ @Shicho ဖြစ်ပါတယ်