ရွှေရောင်လွှမ်းသောနေ့သစ်ဆီ 💖💖
SS501 fanfic
.....................
အပိုင်း ၁၀
"မယ်မယ် မင်းကြီးနန်းဆောင်ကိုကြွလာတယ်""ဟင်.... "
ဝမ်းသာအားရဝင်လာပြီးပြောလိုက်သော "ရှီအင်း" ၏စကားကြောင့်မိဖုရားလီ ငိုင်နေရာမှ ခေါင်းထောင်ကြည့်လိုက်သည်။
နန်းဆောင်အတွင်းသို့ဝင်လာသောမင်းကြီးမျက်နှာကို ကြည့်ရသည်မှာအရင်ကထက်ပင် ပို၍တောက်ပနေသည်ဟုသူမခံစားမိလေသည်။
မင်းကြီးက သူမအား ကြင်နာစွာပွေ့ဖက်ရင်း
"မောင်တော့် ကိုစိတ်ဆိုးနေလားမိဖုရား"
"ကျွန်မ မောင်တော့်ကိုစိတ်မဆိုးပါဘူး စိတ်မကောင်းဖြစ်မိတာပါ ဒါပေမဲ့အခုဘာမှမဖြစ်တော့ဘူး ကျွန်မ "ယွန်းမိဖုရား" ကိုလည်း ညီမလေး အရင်းတစ်
ယောက်လိုချစ်မှာပါ""နားလည်ပေးလို့ ကျေးဇူးပါ မိဖုရား....
မောင်တော်တစ်ခုတော့ မိဖုရားကိုကတိပေးပါရစေ နောက်ဘယ်သူပဲ မိဖုရားဖြစ်လာလာ ရင်သွေးဘယ်နှစ်ယောက်ပဲရရ "အွန်းဂျီ" လေးကသာလျှင် မောင်တော့်ရင်ထဲကရွေးချယ်ထားတဲ့ အိမ်ရှေ့စံ ပါ။ အဲဒီတစ်ခုတော့ မိဖုရားကိုမောင်တော် ကတိပေးပါရစေ"အဲဒီကတိစကားနဲ့ပဲ ကျွန်မအရာအားလုံးကို လက်ခံပေးနိုင်ပါတယ် မောင်တော့်ကိုလည်းကျေးဇူး
အရမ်းတင်ပါတယ် "Hyun Joong တစ်ယောက် သူ့အပေါ်ကို နားလည်လွန်းသော မိဖုရားလီကို ပိုလို့သာ ချစ်ပေးရမည်တွေးလိုက်မိလေသည်။
..............
Kyu Jungတစ်ယောက် ယခင်လုပ်နေကျ အတိုင်း လေသာဆောင်မှာ ထွက်၍ ထိုင် နေသော
"ရှီအင်း" ကို တဖက်နန်းဆောင်အမိုးမှနေ၍ ကြည့်နေမိလေသည်။
အပြစ်ကင်းစင်လှသည့် ဒီကောင်မလေး ဖြူစင်ရိုးသားမှုတွေကသူ့မျက်နှာမှာထင်းနေသည်။သူပြန်ကြားရသည့်သတင်းတွေအရ မိဖုရားလီ က ဒီကောင်မလေးကိုလွန်ခဲ့သောသုံးနှစ်က မွေးစားခဲ့သည်တဲ့ Kyu Jung စိတ်တွေဒွိဟ ဖြစ်နေသည်။ ရှေ့ဆက်တိုးရဖို့်ဆိုသည်မှာလည်း "ရှီအင်း" သာသူတို့ အဖွဲ့နှင့်ပတ်သတ်မှု ရှိနေမည်ဆိုပါက ရှေ့ဆက်ရမည့် အကျိုးဆက်က မတွေးဝံ့စရာပင်။

أنت تقرأ
ရွှေရောင်လွှမ်းသောနေ့သစ်ဆီ
أدب الهواةIdol များနှင့် ထာဝရ ပရိတ်သတ် တို့ကြား အမှတ်တရတစ်ခုအနေဖြင့် ရေးသားထားသော ရွှေရောင်မှတ်တမ်းတခု 📒 ရေးသားသူ @Shicho ဖြစ်ပါတယ်