Minnieဆီမှ ပြန်အလာတွင် ရုံးတံခါးပေါက်ဝ၏ ခပ်လှမ်းလှမ်းတွင် ထိုင်နေသော လူသားလေးဆီ အကြည့်ရောက်မိလိုက်သောအခါ
ကျွန်တော့်စိတ်အထင်ပဲလား...အမှန်ပဲလားပင် မသိ...Tae လို့ ထင်ရသော ကောင်လေး တစ်ဦး...သေချာသိရဖို့ရန်အတွက် ရှင်းရှင်းလင်းလင်း မြင်နိုင်ရလောက်သည့် နေရာသို့ တိုးကြည့်မိလိုက်သောအခါ.....
ဟုတ်ပါပြီ...သေချာသွားပါပြီ...အရင်တစ်ချိန်က ကျွန်တော် သိပ်ချစ်ရပါသော တစ်ဦးတည်းသော လူသားလေး Taeပါပဲ.....
.
.
.
Taeမျက်နှာလေးအား စူးစိုက်ကြည့်မိခိုက် သတိထားမိလိုက်သည်က....ဟိုအရင်တစ်ချိန်က ကျွန်တော် ဆွဲညှစ်လေ့ရှိသော ပါးဖောင်းဖောင်းလေး မရှိတော့ဘဲ...ထိုအရာလေးအစား.....
မေးရိုးထင်းထင်းလေးက နေရာယူထားလျက်...ဟိုအရင်တစ်ချိန်က ကြယ်လေးလို တောက်ပခဲ့သော မျက်ဝန်းတစ်စုံက ညှိုးငယ်လျက်.....
Taeနှင့် ပတ်သက်သော ထိုအရာတွေကို ဘာလို့ စိတ်ဝင်စားစွာ လိုက်ကြည့်နေမိတာလဲ.....
သေချာသောအရာ တစ်ခုကတော
့ Taeဘက်က သစ္စာမဲ့ခဲ့တယ်...အဲ့ဒါကြောင့် ကျွန်တော် သူ့ကို မုန်းခဲ့တယ်...သို့ပေမယ့် Minnie မေးသလိုမျိုး Taeသာ ကျွန်တော့်ဆီကို ပြန်လာခဲ့မည် ဆိုလျှင်.....သစ္စာမဲ့သောသူ..ဆိုသော အသိက... ပြန်လက်မခံနှင့်..ဟု..ပြောနေသော်လည်း....အခုအချိန်ထိ မေ့မရခဲ့သော...နှလုံးသား၏အလိုဆန္ဒက...ပြန်လက်ခံပါ...ဟု..ဆိုနေပြန်သည်...
အသိစိတ်က Minnieသည် လက်ရှိတွဲနေသော ကျွန်တော့်ချစ်သူ..ဟု ပြောနေသော်လည်း.... မသိစိတ်က ကျွန်တော့် ချစ်ရသူမှာ...Taeတစ်ဦးတည်းသာ ဖြစ်ကြောင်း ပြန်ပြောနေပြန်သည်.....
အသိစိတ် နှင့် မသိစိတ် တိုက်ပွဲတွင် အသိစိတ်က အနိုင်ရကာ Taeအနားမှ ထွက်ခွာရန်သာ ဖြစ်ခဲ့သည်.....
ထို့ကြောင့် Taeမမြင်ခင် ပြန်လှည့်ထွက်လာခဲ့လိုက်သည်.....
••••••••••••••
Taeလည်း ရုံးခန်းသို့ ပြန်လာသောအခါ ပုပုလုံးလုံး ကောင်လေး တစ်ယောက်သာ ရှိတော့သည်...တစ်နည်းအားဖြင့် ကျွန်တော်နှင့် တစ်ခန်းတည်း အလုပ်အတူတူ လုပ်ရမည့် လုပ်ဖော်ကိုင်ဖက်.....