ဒီညလည်း ကျွန်တော်တစ်ယောက်တည်း အတွေးများနဲ့ သူ့ကို လွမ်းနေရအုံးမှာပဲမလား.....
မနက်မိုးလင်းသော်...
ညက ငိုထားသည်ဟု မဆိုသာသော်လည်း အနည်းငယ် ကျဆင်းခဲ့သော မျက်ရည်များကြောင့် မျက်ခွံများက အနည်းငယ် မို့နေ သလိုလိုပင် ဖြစ်နေလေရဲ့.... သို့ပေမယ့်လည်း အလုပ်သွားရမည် ဖြစ်သည့် အတွက်ကြောင့် အိပ်ယာမှ ထကာ ရေချိုးပြီးနောက် အဝတ်အစားလဲကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်ပြီး...မနက်စား စားပြီးနောက် ရုံးသို့သာ တန်းထွက်လာခဲ့လိုက်သည်....
ရုံးသို့ရောက်သော် ကျွန်တော် ကြားလိုက်ရသည့် သတင်းက ပျော်ရမလိုလို.... ဝမ်းနည်းရမလိုလို ပင်....
.
.
.
ကျွန်တော် ရာထူးတိုး၍ ဂျပန်ရုံးခွဲသို့ သွားလုပ်ရမည်...တဲ့လေ..
.
.
ရာထူးတိုး၍ ပျော်မိသော်လည်း ဂျပန်သို့ သွားရမည်ကို မိမိအိမ်မှ ခွင့်ပြုကောင်းပါရဲ့....အလုပ်ကိစ္စ ဖြစ်သည့်အတွက် ခွင့်ပြုပေးမည် ထင်မိပါသည်....ကျွန်တော့်အတွက်လည်း အခုလို နာကြင်ရသော အမှတ်တရတွေ ပြည့်နေသည့် နေရာမှ ဝေးသွားမည် မဟုတ်ပါလား.....
.
.
.
.
ကျွန်တော် ဆုံးဖြတ်လိုက်ပီ ဂျပန်ရုံးခွဲသို့ သွားမည်....ထို့ကြောင့်"ဟုတ်ကဲ့ ကျွန်တော် သွားပါ့မယ်...ဘယ်တော့လောက် သွားရမှာလဲ"
"သဘက်ခါလောက် သွားနိုင်ရင် အဆင်ပြေမယ် Taehyung... တစ်ခုတော့ ကြိုမှာထားမယ်နော်...ဟိုရုံးခွဲမှာ ရောက်ရင်တော့ ဒီမှာလို အတွေးများ မနေနဲ့နော်..အဲ့မှာက CEOရှိတော့ မင်း ဒုက္ခရောက်သွားမယ်..."
"nae ဒါဆို ကျွန်တော် အခု ရုံးဆင်းရမှာပေါ့"
"omm လိုအပ်တာတွေ ပြင်ထားလိုက်တော့"
"Nae"
ဤသို့ဖြင့် ကျွန်တော် ရုံးမှ ပြန်လာခဲ့လိုက်ပြီး သွားနေကျ ခုံတန်းလေးဆီသို့.... ထိုင်ပြီး အရင်က အကြောင်းများ ပြန်တွေးမိပြန်သည်...
.
.
.
Jeonကျောင်း မလာသည့် ရက်တွေမှ သေသေချာချာ သိလိုက်ရသော ကျွန်တော့် အချစ်များ...Jeonကျောင်းပြန်တက်လျှင် ဖွင့်ပြောမည် ဟု တွေးထားသော်လည်း...Jeonကျောင်းပြန်တက်သည့်နေ့၌ Jeonပုံစံမှာ အနည်းငယ် ထူးဆန်းနေ၏.....