Skip time>>>>>>
မနက်ဆင်းပိုင်း အတန်းချိန်များ ပြီးသွားခဲ့သည့်အတွက် နေ့လည်စာ စားရန်အတွက် ကန်တင်းဘက်ဆီသို့ အလာတွင် မနက်က ဟိုပိစိကောင်လေးနှင့် ပြန်တွေ့၏.....
တကယ်ဆိုလျှင် ကျောင်းဆင်းကတည်းက ကျွန်တော် သူ့နောက်သို့ လိုက်နေခဲ့ခြင်းပင်.....
ကျွန်တော့်ကို ကျွန်တော်လည်း ဘာဖြစ်နေမှန်းမသိတော့.....မနက်က အဖြစ်အပျက်ကြောင့် သူမုန်းသွားမှာကို ကျွန်တော် ကြောက်နေခဲ့တာ..... မနက်က အတန်းထဲ၌ သူ့နာမည်ကို သိခဲ့ရ၏.....Kim Tae Hyung တဲ့.... လှလိုက်တဲ့နာမည်လေး.....ကျွန်တော် လူတစ်ယောက်နှင့် ပတ်သက်ပြီး တစ်ခါမှ ဤကဲ့သို့ မဖြစ်ဖူးခဲ့ပေ.....သူနှင့်သာ ပထမဆုံး ၊ ပထမဆုံး စိတ်ဝင်စားခြင်း.................
ဟိုလူကြီး ကျွန်တော့်နောက်ကို လိုက်လိုက်နေတာ သိတာပေါ့ ကြောက်လို့ ဘာမှပြန်မပြောပဲ နေနေရတာ....မသိချင်ယောင်ဆောင်နေကာမှ ကျွန်တော့်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာသော ထိုလူသား......
နောက်ပြီး ကျွန်တော် ထိုင်နေသော စားပွဲဆီသို့ ဝင်ထိုင်ပြီး ကျွန်တော့်အား မနက်က အဖြစ်အပျက်အတွက် လာတောင်းပန်သည်.....အခုကျွန်တော့်ရှေ့ ရောက်နေသော ထိုသူမှာ မနက်က ပုံစံနှင့် မည်သို့မှ မဆိုင်ပဲ တခြားသူတစ်ယောက်လိုပင်......
ကျွန်တော် သူ့ကို ငေးကြည့်နေမိသည်.....ဒေါသကြီးတတ်သော အကျင့်လေးသာ ဖျောက်ထားလျှင် အလွန် ကြည့်ကောင်းမည့်ရုပ် ဖြစ်သည်.....Flashback end...
*ထိုနေ့က ကျွန်တော်နဲ့Jeonနဲ့ စခင်ခဲ့ရတဲ့နေ့လေးပေါ့....*
Hk ကျွန်တော်လည်း အရူးတစ်မျိုးပဲနော်
ကိုယ့်ကို မချစ်လို့ ထားခဲ့တဲ့သူကိုမှ အရူးတစ်ယောက်လို တမ်းတနေမိတာလေ ....အရင်က အကြောင်းတွေကို ပြန်စဉ်းစားမိတိုင်း ကျွန်တော် အရမ်းဝမ်းနည်းတယ်..... သူ့ကိုတော့ စိတ်မနာနိုင်ရက်ခဲ့ဘူး
" Jeonရယ်....အခုဆို ဘယ်များရောက်နေလဲ...Taeလေ Jeonကို စတွေ့ကတုန်းကဆို ကြောက်နေခဲ့ရတာ....Taeလေ အရင်က Jeonနဲ့ အတူတူသွားခဲ့တဲ့နေရာလေးတွေကို ခနခနရောက်ဖြစ်တယ် သိလား...." အဲ့အကြောင်းလေးတွေကို Jeonသိအောင် ပြောပြချင်ခဲ့မိတယ်.....
Jeonကို Taeတွေ့အောင် ပြန်လိုက်ရှာမယ်.....ပြန်တွေ့ရင် Jeonဘက်က ဘယ်လိုနေမလဲဆိုတာ မသိပေမယ့် Taeဘက်က သိချင်တာလေးတွေကြောင့် မေးစရာလေးတချို့ ရှိနေတာမို့....