"ကိုယ်တို့ ပြန်တွဲရအောင် Tae"...
Taehyungလည်း မုန့်စားနေရင်းက Jungkook ပြောလိုက်သော စကားကြောင့် သီးသွားသည် ကြောင့် ရေသောက်နေရင်း...ထပ်ကြားလိုက်ရသည်က
"ကိုယ် Taeကို အထင်လွဲခဲ့မိတာတွေကိုလည်း ခွင့်လွှတ်ပေးပါ.."တဲ့...မျက်နှာငယ်လေးနဲ့ ပြောနေသော...Jeon...
"ဘာလို့ အခုမှ ဒီလိုတွေ လာပြောနေတာလဲ Jungkook"...Taehyungလည်း မယုံနိုင်စွာ...အံ့သြစွာဖြင့်..မေးလိုက်သည်...
"မင်းသာ..အခုထက် စောစောပြောခဲ့ရင်တော့ ငါ လက်ခံနိုင်လောက်မယ် ထင်တယ်...အခုတော့ အရမ်း နောက်ကျသွားပြီ ...ဒီကိစ္စ ပြောဖို့ အတွက်ပဲ ဆိုရင်တော့ သွားခွင့်ပြုပါဦး "
Taehyungလည်း ပြောပြီးပြီးချင်း ထပြန်တော့မည် အလုပ်....
လက်ကို ဖမ်းဆွဲထားသော Jungkookကြောင့် ရှေ့ဆက် သွားမရပေ...
"ဘာလို့လဲ.... ကိုယ် တောင်းပန်တာ မလုံလောက်သေးလို့လား Tae"
"ဟင့်အင်... မဟုတ်ဘူး... ငါ မယုံရဲတော့တာ..Jungkook"
"ကိုယ်............"
ဆက်မပြောသေးပဲ ငြိမ်သွားသော Jungkookကြောင့် သူ့မျက်နှာကို မော့ကြည့်မိလိုက်တော့ ဝမ်းနည်း နောင်တ မျက်ရည်ဥတွေဖြင့် တစ်ခုခု ဆက်ပြောရန် အားယူနေသယောင်.....
"ကိုယ် Jiminနဲ့ ပြတ်ပြီးသွားပြီ Tae ...မူးလဲပြီး တစ်လလောက် ကြာတဲ့အချိန်လောက်က Jiminက ကိုယ့်ကို မေးတယ်...Kookieရဲ့ အရင်ချစ်သူဆိုတာ Taehyungieeလားတဲ့..."Jungkook ပြောနေပေမယ့် မျက်နှာမကောင်းပေ...
"Omm..အဲ့တော့ " Taehyungလည်း ခပ်ဆက်ဆက်သာ မေးလိုက်၏....
"အဲ့ဒါနဲ့...ကိုယ်လည်း အမှန်အတိုင်း ပြောလိုက်တယ်...Taeကို..ကိုယ် အတန်းထဲက ကောင်လေးတစ်ယောက် နဲ့ အထင်မှားခဲ့မိကြောင်းကိုရော....." တဖန် ပြန်နှုတ်ဆိတ်သွားသော Jungkook....
"Awwwww....Taeအပေါ်ကို အဲ့လောက်တောင် ယုံခဲ့တာပဲနော်.."
Taehyungစကားတွေသည် ကိုယ့်အား ရွှဲ့ နေသည်မှ ပြောင်းလဲမည် မထင်သောကြောင့်....
"Tae...ကိုယ့်ဆီ ပြန်လာမယ့် အချိန်ကို စောင့်နေပါမယ်...ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ " ခေါင်းလေးငုံ့ကာ ပြောနေသော Jeon