Ep-5

800 110 10
                                    

ကျွန်တော်တို့ နေသည့် တိုက်ခန်းဆီသို့ ရောက်သောအခါ ကိုယ့်အခန်းဆီကိုသာ လမ်းခွဲ၍ ဝင်လာခဲ့လိုက်သည်.....

ခဏတာ နားပြီးသည့်နောက် တစ်နေ့တာအတွက် ပင်ပန်းမှုများကို ရေချိုး၍ သန့်စင်လိုက်ပြီးနောက် Jiminက ညစာအတူစားရန် ခေါ်ထားသဖြင့် Jiminအခန်းဆီသို့သာ သွားဖို့ရန် ပြင်လိုက်သည်...ထို့ကြောင့် မျက်နှာချင်းဆိုင်ဖြစ်သော Jiminအခန်းဆီသို့...........

Jiminဆီသို့ အရောက်...Jiminက အဆင်သင့်ပြီးနှင့်နေသော်လည်း စောင့်ရမည့်သူ ရှိနေသေးတာမို့...အတူတူ စောင့်နေလိုက်သည်...စောင့်ရမည့်သူက...သူ၏ချစ်သူ...ဆိုသည့်တစ်ယောက်...

••••••••••

Minnieနှင့် ညစာအတူစားရန် ချိန်းထားသည့်အတွက်  ထွက်လာခဲ့လိုက်ပြီး Minnieဆီသို့ အရောက်   အခန်းဝ၌ ရပ်နေပြီး အထဲသို့ လှမ်းကြည့်မိစဉ် ...မြင်လိုက်ရသူက minnieမဟုတ်ဘဲ...အရင်တစ်ချိန်က အရမ်း ချစ်ခဲ့ရပါသော Taeလေး.....

မြင်မြင်ချင်း ပြေးဖက်ထားချင်ပေမယ့်..
'လက်ရှိချစ်သူမှာ Minnieဖြစ်ကြောင်း..
Taeဆိုသည်မှာ အရင်တစ်ချိန်က ချစ်ရတဲ့သူ တစ်ဦးသာ ဖြစ်သည့်အတွက်
Minnieနဲ့ကိုယ်နဲ့ ချစ်သူတွေဆိုသည်ကို အသိပေးထားသင့်သည်' ဟု ထင်မိသည်ကြောင့် Taeမမြင်အောင် လှည့်ပြန်လာ၍ ရပါသော်လည်း ....ထိုသို့ မပြန်ခဲ့ဘဲ...ရက်စက်ခြင်းတွေသာ သူ့ကို ထပ်ပေးခဲ့မိပြန်သည်.....သူမသိခဲ့ပေမယ့်............

••••••••••••••

Jiminနဲ့အတူ ထမင်းခန်း၌ ပြင်ဆင်စရာရှိသည်များကို ပြင်ပြီးသည့်နောက် ပြန်ထွက်လာခိုက်...
ဧည့်ခန်းထဲ၌ ရောက်နေသော သူတစ်ဦး...Jiminပြောထားသည့် သူ၏ချစ်သူဆိုသောသူ ဖြစ်လိမ့်မည် ထင်သည်.....

သို့ပေမယ့် ...စိတ်ထင်သည်ပဲလား...အရမ်းချစ်ခဲ့ရတာကြောင့်...မေ့မရလို့...ထင်ယောင်ထင်မှား ဖြစ်ပြီး လူမှားမြင်မိတာများလား....ထိုသူသည် တခြားသူမဟုတ်....ဟိုအရင်တစ်ချိန်က ကျွန်တော် အရမ်းချစ်ခဲ့ရပါသော လူသားလေး Jeon.....သူက ဘာကိစ္စနဲ့ Jiminဆီ ရောက်လာခဲ့သည်လဲ....မဟုတ်မှလွဲ...သူက.....Jiminပြောတဲ့...သူ့ရဲ့ ချစ်သူဆိုသူများလား...မဖြစ်နိုင်ဘူးမလား...မဟုတ်ဘူးမလား....ဟိုအရင်တုန်းကတည်းက Jeonက Taeဆိုတဲ့ ကိုယ့်ကိုပဲ အရမ်းချစ်ခဲ့တာလေ....

Don't forget me Where stories live. Discover now