ကိုယ့်နာမည်ကို စိုးရိမ်တကြီး အော်ခေါ်နေသည့် အသံကြောင့် မျက်လုံးစုံမှိတ်၍ အော်ခေါ်နေရာမှ မျက်လုံးတစ်စုံကို ဖွင့်ကြည့်မိလိုက်သောအခါ စူးရှသော အလင်းရောင်က မျက်လုံးထဲ အရင်ဝင်လာသည်.....ထို့နောက် မြင်လိုက်ရသည်က အဖြူရောင် မျက်နှာပြင်ကြီးနှင့်အတူ ကိုယ့်နာမည်ကို ခေါ်နေခဲ့သည့်အသံပိုင်ရှင်ဖြစ်သော
Min Yoongi........ဟုတ်မှာပါလေ..Jeonကို အော်ခေါ်မိနေပေမယ့်....Jeonကိုပဲ လာစေချင်ပေမယ့်....Jeonတစ်ယောက်တည်းပဲ အနားမှာ ရှိနေစေချင်ပေမယ့်....မဖြစ်နိုင်မှန်း သိရက်နဲ့....မလာဘူးဆိုတာ သိရက်နဲ့.... မျှော်နေမိတဲ့ ကိုယ်ပဲ မှားနေမိတာပါ....
Yoongiက ပြောသည်....ကျွန်တော် ရုံးရောက်ပြီး ခဏအကြာ၌ မေ့လဲသွားတာဖြစ်ကြောင်း...အမောလွန်၍ မူးလဲသွားခြင်းဖြစ်ပြီး စိုးရိမ်စရာ မလိုသည့်အကြောင်း ပြောပြီးနောက် ဆေးရုံက ဆင်း၍ ရပြီ ဖြစ်ကြောင်း ဆရာဝန်ကြီးက ပြောသည်....သို့ပေမယ့် Yoongiကို ဆရာဝန်ကြီးက ခဏထပ်ခေါ်သွားသည်.....
ဆေးရုံနှင့်ရုံး သိပ်မဝေးသည့်အတွက် သူ့အားမစောင့်တော့ဘဲ ကိုယ့်ဘာသာကို ရုံးသို့ ပြန်လာခဲ့လိုက်သည်....
ရုံးခန်းထဲ၌ Jiminနှင့် ပြန်တွေ့၏....
အခုအချိန်၌ Jiminနှင့် မျက်နှာချင်း မဆိုင်ချင်ပါသော်လည်း...သေချာစဉ်းစားကြည့်လျှင်...Jimin၌ အပြစ်မရှိ....တကယ်တမ်း အပြစ်ရှိသူက ကိုယ်...မှားယွင်းနေသူက ကိုယ်....တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦး...အဲ့နှစ်ဦးထဲက တစ်ဦးကို တစ်ဖက်သတ် ချစ်နေသည်တဲ့လေ.....
Jiminကို တွေ့တွေ့ချင်း ပြောလိုက်မိသည်က
"တောင်းပန်ပါတယ် Jimin"
ကိုယ် တောင်းပန်သည့်စကားအား နားမလည်သည်ထင်...
"ဘာလို့ တောင်းပန်တာလဲ Taehyung"
တဲ့....(Jimin...အခုတော့ ဒီတောင်းပန်စကားလေးပဲ လက်ခံထားပေးပါ..ဒီကိစ္စကို အစအဆုံး ပြန်ရှင်းပြနိုင်မယ့် အင်အား ငါ့မှာ မရှိသေးဘူး..)....သို့သော်...ပြောလိုက်မိသည်က
ကျွန်တော် မူးလဲသွားခဲ့တာကို ကူညီပေးခဲ့လို့ပါ ဆို၍သာ....
